(18)

794 86 2
                                    

Zawgyi

ပိုင်ချုန်းရဲ့မနက်ခင်းတွေက အလွန့်ကိုမှသာယာလှသည်။အလုပ်ကို စောစောစီးစီးလာပြီး cctvတွေနဲ့တံခါးတွေစစ်မည်။ပြီးလျှင် အကိုလေးစားပွဲကိုသန့်ရှင်းပေးပြီး ကန်တင်းမှာ မနက်စာကိုမြိန်ရေရှက်ရည်စားမည်ဖြစ်သည်။
ထိုထိုသော ပုံမှန်လုပ်ငန်းစဉ်များနှင့် သူ့ရဲ့မနက်ခင်းလေးမှာ စိုပြေလှပြီဖြစ်သည်။

အခုတော့ … မျက်စိရှေ့မှာရှိနေတဲ့မိန်းမပျိုနှစ်ဦးကြောင့် သူ့ရဲ့မနက်ခင်အချိန်ခါလေး မိုးတွေညိုမှိုင်းပြီး မုန်တိုင်းဝင်လုနီးပါးဖြစ်နေသည်။

"ကျွန်မပေးတဲ့ ရေမွှေးသေချာပေးဖြစ်အောင်ပေးပေးနော် ! ဒီမှာကရှင့်အတွက်တီရှပ် "

"လာဘ်ထိုးတာကိုဒီက ပိုင်အကိုကဘယ်လိုလုပ်ပြီးကြိုက်မှာလည်း ~
ဒါက ရှားကိုတိုင်လုပ်လာတဲ့ ကြက်ချဉ်စပ်ဟင်း ဝမ့်ကိုပေးပေးပါနော် တခြားလူတွေပါစားလို့ရအောင် အများကြီးပိုလုပ်ပေးထားတယ်သိလား "

ခဏနေရင်ငြင်းခုန်ကြတော့မည့်အမျိုးသမီးနှစ်ဦးရဲ့ကမ်းလှမ်းချက်တွေကြောင့် ပိုင်ချုန်းကခေါင်းကိုခပ်ပြင်းပြင်းကုတ်လိုက်သည်။အကိုလေးက တစ်ယောက်သူအတွက်နှလုံးသားကိုပေးပြီးသားမို့သူတို့အတွက်နေရာလွတ်လေးတစ်ခုမှကျန်မနေတော့ဘူးဆိုတာသူဘယ်လိုပြောပြရပါ့မလည်း။

"အရမ်းကိုမှပေးချင်သပ့ဆိုရင် အကိုလေးကိုခဏစောင့်လိုက်ပါလား ! ပြီးရင်ဒီကမမလေးတို့ကမျက်နှာချင်းဆိုင်တွေ့ပြီးပေးပေါ့ "

ကျူးထန်ရှားက သူမရဲ့ရှည်လျားတဲ့ဆံပင်တွေကိုနားရွက်နောက်မှာညှပ်တင်လိုက်ကာ ချိုမြတဲ့အပြုံးတစ်ခုကိုချိတ်ဆွဲလိုက်သည်။ထိုအပြုံးကမြင်ရသူအဖို့စိတ်အေးချမ်းစေပြီး မှင်သက်စေသည်။

"ကျွန်မက မိန်းကလေးလေ ဒီလိုမျိုးကိစ္စအတွက် ဘယ်လိုမျိုးမျက်နှာပြချင်မှာလည်း ပိုင်အကိုကနားလည်ပေးပါနော် "

သူမရဲ့ရိုးကျိုးတဲ့အပြုမူကြောင့် ပိုင်ချူန်းက အနည်းငယ်ရှို့တို့ရှမ်းတမ်းဖြစ်သွားပြီး ငြင်းဖို့ခက်ခက်ဖြစ်သွားရသည်။

Remember me❣(YiZhan)Where stories live. Discover now