(31)

816 88 6
                                    

Zawgyi

ဒီသေးနုပ်တဲ့မြို့လေးမှာ club တို့ barတို့ ဆိုတာရွှေထက်တောင်ရှားသေးတယ်။ဝမ်ရိပေါ်ကသုံးနာရီလောက်မြို့ကိုပတ်မွှေပြီးတာတောင် အရက်ဆိုင်နဲ့တူရုံဆိုတဲ့လမ်းကြိုလမ်းကြားက အသာကင်ဆိုင်လေးတွေကိုပဲတွေ့ခဲ့တော့ဒေါကန်နေပြီလေ။ငရဲဆိုတာဒါကိုခေါ်တာဖြစ်မယ်။ပါးပါးလေးတောင်ပုတ်ဖို့မရှိပဲ ဒီမြို့ကလူတွေဘယ်လိုနေထိုင်ကြလည်းဆိုတာစဉ်းစားလို့မရဘူး။

ကားစီယာတိုင်ကိုလက်နဲ့ပြင်းပြင်းထုပြီး လေပူတွေကိုမှုတ်ထုတ်လိုက်သည်။သောက်ချီးတဲ့မှပဲ !

စိတ်ကိုနည်းနည်းလောက်ဆွဲဆန့်ပြီး ကွေ့ပတ်ကြည့်တော့ မြို့ပြင်နေရာနားမှာ စားသောက်ဆိုင်ကြီးကြီးတစ်ခုကိုတွေ့သည်။သူလိုချင်တဲ့ပုံစံမဟုတ်ပေမဲ့လည်း အခုချိန်မှာတော့ ဒါကိုပဲသုံးလိုက်တော့မည်။private တစ်ခန်းယူပြီး ခပ်ပြင်းပြင်းတစ်လုံးနဲ့အမြည်းတစ်ချို့ကိုမှာလိုက်သည်။မှောက်မှရမှာ ဒီနေ့ !

လာချပေးတဲ့ အရက်ခွက်ကိုရေခဲနည်းနည်းရောပြီး မော့လိုက်သည်။

အားးး … အခုမှနေသာထိုင်သာရှိသွားတာ။သူကအရက်ဂျိုးတော့မဟုတ်ဘူး။ဒါပေမဲ့ အရက်နဲ့သူနဲ့ကသူငယ်ချင်း~သတိမေ့နေတဲ့အချိန်အတောအတွင်းထဲမှာဒါတွေကိုလျှာဖျားနဲ့တောင်မတို့ခဲ့ရဖူးထင်တယ်။ခံတွင်းကိုချဉ်နေရောပဲ …

ဒီကြားထဲ နေသားထိုင်သားလုံးဝမကျ။ရင်ထဲမှာတနုပ်နုပ်နဲ့။အာရုံနောက်နေတဲ့ ဟာတွေအခုရှင်းရမယ်။နောက်တစ်ခွက်ထပ်မော့လိုက်သည်။ လည်ချောင်းထဲပူဆင်းသွားသည့်အရသာက တကယ့်ကိုပဲ …

>>>>>>>>>>>>>>>>

ရေချိုးပြီးခါစမို့ ရှောင်းကျန့်ကအတော်လေးလန်းဆန်းနေသည်။စိုကပ်ပြီးနဖူးပေါ်ဝဲကျနေတဲ့ဆံပင်လေးတွေကိုသပ်တင်လိုက်ပြီး စားကြည့်မီးအိမ်လေး
ကိုအလင်းမြှင့်လိုက်သည်။စောင်လေးကို ကိုယ်တစ်ဝက်လုံအောင်ခြုံလိုက်ပြီး အနည်းငယ်နွမ်းနေတဲ့ စာအုပ်လေးကိုလှန်လိုက်သည်။

အရမ်းကြီးမလှပေမဲ့ သပ်သပ်ရပ်ရပ်နဲ့ဂရုတစိုက်ရေးထားတဲ့စားလုံးညီညီလေးတွေ!
ထိုအရာတွေကိုလက်နဲ့ခပ်ဖွဖွလေးထိကြည့်လိုက်သည်။သူ့ရင်ထဲတဆစ်ဆစ်နဲ့။

Remember me❣(YiZhan)Where stories live. Discover now