(43)

1K 71 9
                                    

Unicode

တကယ်တော့ ဝမ်ရိပေါ်ရဲ့ ဘဝမှာ အချစ်ဆိုတာကို ဘာရယ်လို့ခေါင်းစဥ်တပ်လို့ရမှန်းမသိခဲ့ဘူး။မိုးရွာရွာနေပူပူသူ့ရဲ့ခံစားချက်အတိုင်းပဲ အရာအားလုံးကို စီမံခဲ့သည်။အချစ်ခံရခြင်းဆိုတာဘာမှန်းမသိသလို တခြားသူတစ်ယောက်ကိုချစ်ဖို့လည်းမကြိုးစားကြည့်မိခဲ့ဘူး။အဲ့တော့ အမှန်အကန်ကြီး အခုလို သဲသဲလှုပ်ချစ်မိသွားတဲ့အခြေအနေမှာ သူကဘာလုပ်လို့ဘာကိုင်ရမှန်းမသိပဲ စိတ်တွေလှုပ်ရှားပြီး အရာရာကိုအယောင်ယောင်အမှားမှားတွေဖြစ်ကုန်ပါလေရာ။

သူအခုလို မှတ်ညဏ်တွေကိုရင်းပြီး ဒီကုသမှုကိုလုပ်နေတယ်ဆိုတာကို သူ့ရဲ့ကောသိလို့ကတော့ သူဘယ်နားပြေးပုန်းပုန်း တကယ်ကြီး ခေါင်းကွဲအောင်အရိုက်ခံရမယ်ထင်တယ်။

"ဟေးး ရိပေါ် ...ဝမ်ရိပေါ် "

ပျော်ရွှင်ရသော ခက်ခဲရသော အတိတ်ကိုအလည်တစ်ခေါက်သွားပြီးသည့်နောက်မှာတော့ သူ့ရဲ့မျက်လုံးတွေက မျက်ရည်စများခြောက်ကပ်​ပြီးဖွင့်ဖို့တောင်ခဲယဥ်းနေလေသည်။

"မင်းး. အဆင်ပြေလား "

ဘေးနားမှာ ရပ်နေတဲ့ လီချန်းမင်းကစိုးရိမ်တကြီးမေးသည်။ဝမ်ရိပေါ် သူ့ကိုအဖြေဘယ်လိုပြန်ပေးရမလည်းမသိချေ။အဆင်ပြေတယ်ဆိုတာက သူ့ရဲ့မှတ်ညဏ်တွေအများကြီးကို တစ်ခါထဲပြန်မှန်မိသွားသည်။အဆင်မပြေဘူးဆိုတာက အခု သူ့ခေါင်းတွေ ပေါက်ထွက်မတတ်ကိုက်ခဲနေလို့ပင်။

"အင်း ခေါင်းတော့နည်းနည်းမူးတယ် "

လီချန်းမင်းက ဝမ်ရိပေါ်ရဲ့စကားကြောင့်ဆရာဝန်ကိုတစ်ချက်ကြည့်လိုက်သည်။ဘယ်လိုပဲနေနေ ဝမ်ရိပေါ်ဆိုတဲ့ကောင်က နာကျင်မှုကိုထုတ်ပြဖို့အတွက် ခက်ခဲနေလိမ့်မည်။

"ဒေါက်တာ ! ဆိုးဝါးတာတွေဖြစ်မလာနိုင်ဘူးမလား "

ဆရာဝန်ကသက်ပြင်းတစ်ချက်ချကာ ဝမ်ရိပေါ်ကိုစစ်ဆေးသည်။

"မစ္စတာဝမ်..ခေါင်းအပြင်းအထန်ကိုက်နေလား"

"နည်းနည်းပါးပါး ပါ "

"ကျွန်တော်က ဆရာဝန်ပါ ၊ ကျွန်တော့ကိုပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ် ၊အ​ခြေအနေပိုဆိုးလာရင်ဘယ်သူမှကူညီနိုင်မှာမဟုတ်တော့ဘူး"

You've reached the end of published parts.

⏰ Last updated: Nov 24, 2023 ⏰

Add this story to your Library to get notified about new parts!

Remember me❣(YiZhan)Where stories live. Discover now