(42)

744 60 2
                                    

Unicode

"ဘာတွေကိုအတင်းစဥ်းစားနေတာလည်း "

ရှောင်းကျန့်က ရိပေါ်ရဲ့ကျောပြင်ဖွဖွပွတ်သက်ကာ ပြောလိုက်သည်။သူ့ရဲ့ရင်ဘတ်ကိုမျက်နှာအပ်ပြီး အသက်ရှုသံပြင်းပြင်းတွေကိုချိုးနှိမ်ထားတဲ့ကောင်လေးက မျက်လုံးတွေကိုပါ ကျစ်ကျစ်ပါအောင် စုံမှိတ်ထားလေသည်။

"ကော.... "

ဝမ်ရိပေါ်ရဲ့ခေါ်သံကတိုးတိုးညှင်းညှင်းလေး! တိတ်ဆိတ်နေတဲ့ကားပေါ်မှာ နှစ်ယောက်လုံးငြိမ်သက်နေတာမို့ ထိုအသံလေးကပင် ၄င်းတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်လေသည်။

"အင်းးး "

သူကိုယ်တိုင်လည်း ခပ်တိုးတိုးပဲတုန့်ပြန်လိုက်သည်။

"ကျွန်တော် အားလုံးကိုပြန်မှတ်မိချင်တယ်"

"အွန်းးး ပြန်မှတ်မိလာမှာပါ ၊ အတင်းကြီး လုပ်မယူပါနဲ့ မင်းကျန်းမာရေးထိခိုက်လိမ့်မယ် "

"ကျွန်တော် မြန်မြန်မှတ်မိလာရင် ကောအပေါ်ကို အမှားလုပ်မိမှာမဟုတ်တော့ဘူး "

ထိုစကားက သူ့ရဲ့ရင်ထဲကိုဆစ်ကနဲ။သူကရော မမှတ်မိစေချင်ပဲနေမတဲ့လား။သို့ပေမဲ့ ဒီခန္ဓာ ဒီနှလုံးသားက အရာမယွင်းပဲ တည်ရှိနေသေးတာမို့ သူဘယ်လို ပုံစံမျိုးကိုပဲဖြစ်စေ မပြစ်ရက်နိုင်တုန်းပါပဲ။
စိတ်အခြေအနေ အမူအကျင့်တွေ တစ်စက်လေးမှမတူရင်တောင် သူချစ်ရတဲ့လူပဲဆိုတဲ့အသိစိတ်လေးက သူ့ကို သတိပေးနေတုန်းပဲ။ရိပေါ်ကသာ သူ့အပေါ်မှာ အချစ်တွေကို ပုံမပျက်ပဲထပ်ပြီးထိန်းသိမ်းထားနိုင်အုံးမယ်ဆိုရင် သူ့အနေနဲ့ ဝမ်ရိပေါ်ဖြစ်ဖြစ် ဝမ်ဖြစ်ဖြစ် လက်ခံပြီး ချစ်ပေးနိုင်ပါတယ်။

"မင်း အမှားလုပ်မိတာတော့ ဟုတ်တယ်...ဒါပေမဲ့ပြန်ပြီးပြင်ဆင်လို့ရပါသေးတယ် "

ထိုစကားကို ဝမ်ရိပေါ်က လက်မခံချင်။သူ ဖြစ်နေသရွေ့အမှားကထပ်ဖြစ်နေအုံးမှာ။သူကိုယ်တိုင်ကိုက ဝမ်လောက်ကောကိုမချစ်ပေးနိုင်ပုံပါပဲ။

"ကော...ကျွန်တော်! ကျွန်တော်နဲ့တူတူလာနေပါလား "

"ဘာလို့လဲ "

Remember me❣(YiZhan)Where stories live. Discover now