(5)

1.1K 136 5
                                    

Zawgyi

"ဝမ် မားကို ဟိုဘူးပေး "

မားရဲ့ အသံကြောင့် ဝမ်က မျက်စိရှေ့မှာရှိတဲ့ဘူးတွေထဲကတစ်ဘူးကိုခပ်မြန်မြန်လေးယူပေးလိုက်သည်။ သူဒီနေ့ကောမနိုးခင် အားလုံးအဆင်သင့်ဖြစ်နေချင်သည်လေ ~

စောစောစီးစီးထပြီး စက်ဘီးကိုလည်းသန့်ရှင်းရေးလုပ်ထားသလို ရုံးယူနီဖောင်းမ်ရောကြိုထုတ်ပြီးပြီ။ရေချိုးဖို့အတွက်ရေနွေးနွေးလေးပါ စပ်ထားလိုက်သေးသည်။ကောအနားမှာနေဖို့တွေးထားပြီးရင်ကောသဘောကျအောင်နေရမည်ဖြစ်သလို ဝန်ထုပ်ဝန်ပိုးမဖြစ်အောင်နေတတ်ရမည်။ပြီးခဲ့တဲ့အတိတ်တွေမှာဘာဖြစ်ခဲ့သလည်းဆိုတာသူမသိလို သိအောင်လည်းကြိုးစားမည်မဟုတ်ပေ။စို့နစ်လာတဲ့အတွေးတွေကိုသဘောမကျဘူး သေချာပေါက် အရင်တုန်းက ကိစ္စတွေကကောင်းမွန်ခဲ့မှာမဟုတ်ဘူး။မဟုတ်ရင်ဘာလို့သူရဲ့ဦးနှောက်ကရှင်းလင်းပြီး ကြည်လင်နေမှာလည်း။ပြီးခဲ့တဲ့အတိတ်မှာ သူအပြင်းအထန်သတိရနေရမဲ့လူမျိုးမရှိခဲ့လို အခုလိုအေးအေးချမ်းချမ်းနေနိုင်နေတယ်ဆိုတာ အမှန်ပဲဖြစ်မည်။

"ဝမ် မင်းနေ့လယ်ဆေးရုံသွားရမှာနော် ဒီမှာအညှော်တွေလာခံမနေနဲ့သွားမင်းအကိုအခန်းထဲမှာ စောင်သွားခြုံနေချေ "

"ဟုတ် မား "

ဒီလိုစကားကို တစ်သွေမသိမ်းနားထောင်တတ်တဲ့ကလေးမျိုးကိုဝမ်မားကသဘောကျသည်။အိမ်ကသားနဲ့သမီးဆိုရင် အမေထက်လူတတ်ကြီးလုပ်ပြီး အထွန့်တက်လွန်းလို့။
ပါးဖောင်းဖောင်းနဲ့ ခန္ဓာကိုယ်ထွားထွားကောင်လေးကို ရှောင်တစ်အိမ်လုံးက ကြံဖန်အချစ်ပိုနေပါသည်။

ဝမ်ကအခန်းတံခါးကို သေချာလော့ခ်ချပြီး အိပ်ပုတ်လုပ်နေတဲ့လူရဲ့ကုတင်ပေါ်ဖြေးဖြေးချင်းတက်လိုက်သည်။ဆံပင်စုတ်ဖွားနဲ့ ပါးစပ်လေးဟပြီးအိပ်ပျော်နေတဲ့ ကောပေါက်စက တစ်ကယ့်ကိုချစ်ဖို့ကောင်းပါသည်။ူသူ့ကောက လူကြီးဆန်အောင်လုပ်ယူပြီးနေတာ တစ်ကယ်သိသာသည်။စိတ်လည်းကောက်တတ်သလို မနာလိုလည်းဖြစ်တတ်သည်။ကပ်စီးလည်းကုပ်သလို စိတ်ပုတ်တဲ့ညဉ်ဆိုးလေးလည်းရှိသည်။

Remember me❣(YiZhan)Where stories live. Discover now