(23)

809 83 4
                                    

Zawgyi

"ကောင်းပြီ ကျွန်တော်cafeကအလုပ်ထွက်မယ်! အဲ့အစားကောက ကျွန်တော့်လိုချင်တာတစ်ခုပြန်ပေး "

စိုလဲ့နေတဲ့မျက်လုံးလေးတွေကိုစိုက်ကြည့်ပြီး ပါးမို့မို့လေးတွေကိုလက်မနဲ့အသာဖိပွတ်လိုက်သည်။

"မင်းက ဘာလိုချင်တာလည်း "

"ကောကိုလေ "

တစ်စုံတစ်ခုကိုအသဲသန်စဉ်းစားနေတဲ့ပုံစံလေးကအလွန့်ကိုမှချစ်စရာကောင်းနေတော့ ဝမ်ကနှုတ်ခမ်းထောင့်စွန်းကိုတွန့်ကွေးနေအောင်ပြုံးလိုက်သည်။အချိန်ရှိနေတုန်းအခွင့်ရေးယူထားမှဖြစ်မှာ … မဟုတ်လို့တစ်ခြားတစ်ယောက်ယောက်ကဦးသွားခဲ့ရင် အရင်ဆုံးရင်ကွဲပြီးသေမှာကသူပဲ။အခုတောင် ကောကိုမျက်စောင်းထိုးနေတဲ့လူက ရှိလာလေပြီ။

"ငါ့ကိုလား … ရှင်းရှင်းပြော လူနားလည်အောင် "

အစထဲက ဒေါသထွက်လို့နီရဲနေတဲ့ကောက စိတ်ရှုပ်ထွေးစွာနဲ့ခပ်စွာစွာလေးပြောလာသည်။ဝမ်က သူ့ကောနားကိုကပ်ပြီး တစ်ခုခုကိုအသေချာပြောလိုက်တော့ ရှက်သွေးသွမ်းသွားသောမျက်နှာလေးကပေါက်ထွက်မတတ်ရဲတွတ်သွားသည်။

"မင်းး … ရူးနေလို့လား မရဘူး "

ခေါင်းကိုတစ်ဆုံးစောင်းပြီး ငြင်းလာသူက စဉ်းတောင်မစားပေ။မျက်လုံးဝိုင်းဝိုင်းလေးတွေကဦးတည်ရာမရှိဟိုဒီရွေ့လျားနေပြီးအသက်ရှုသံမျှင်းမျှင်းကပါအတိုင်းသားကြားနေရသည်။အခုကောက စိတ်လှုပ်ရှားနေတာဖြစ်မည်။သူကရုတ်တရက်ကြီးတောင်းဆိုလိုက်လို့လား …

"ကောဗျာ … ကျွန်တော်လည်းကောကိုလိုက်လျောထားတယ် ကောလည်းကျွန်တော့်ကိုပြန်ပြီးလိုက်လျောပေးလေ နော် "

ဝမ်ကသူ့ရဲ့ခေါင်းလုံးလုံးလေးကို ရှောင်းကျန့်ရဲ့လည်ပင်းနားအပ်ကာတိုးဝှေ့လျှက်ခွေးပေါက်လေးအစာတောင်းသလိုအီသည်။ဒါမျိုးတော့ရှောင်းကျန့်ကလည်းလိုက်လျောဖို့ခက်ခဲနေသည်။ဘယ်လိုပဲသူတို့နှစ်ယောက်က ချစ်သူတွေလို့ဆိုဆို ဒီကိစ္စကြီးက ! ပြီးတော့နှစ်ယောက်လုံးက ယောကျာ်းတွေ … သူကိုယ်တိုင်ကဒီကိစ္စတွေနဲ့ပတ်သတ်ပြီးလည်း ဘာဆိုဘာမှနားလည်တာမဟုတ်ဘူး။တစ်ခုခုလွဲချော်သွားခဲ့ရင်အကုန်လုံးအရှက်တကွဲအကျိုးနည်းတွေဖြစ်ကုန်မှာ။

Remember me❣(YiZhan)Where stories live. Discover now