(33)

725 75 7
                                    

Zawgyi

အရှိန်နဲ့မောင်းနေတဲ့ကားကိုကျွီခနဲထိုးရပ်လိုက်တော့ အနောက်မှာရှိတဲ့ကားသမားတွေကမေတ္တာပို့သွားလေသည်။ဝမ်ရိပေါ်က ထိုအရာကိုဂရုမစိုက်ပဲလျစ်လျူရှုကာ စီယာတိုင်ကိုတစ်ချက်ရိုက်လိုက်တယ်။

ဘာလည်း ! မျက်စောင်းလည်းထိုးသွားတယ် ၊ မျက်ရည်လည်းဝဲသွားတယ်။သူပြောတာဘာမှားလို့လည်း။ပြီးတော့ သူတစ်ယောက်ထဲကိုပဲဂရုစိုက်သလိုလိုနဲ့ ထမင်းဘူးကိုလည်း လူတကာလျှောက်ပေးနေတာမဟုတ်ဘူးလား။အဲ့တော့ သူစိတ်ဆိုးသင့်တယ်လေ။ဒါနဲ့များ ထိုလူကပြန်ပြီးသူ့ကို မကျေနပ်သလိုမျက်လုံးတွေနဲ့ကြည့်သွားသေးတယ်။သူလိုက်ချော့မယ်လို့ထင်နေတာလား။ဝေးသေး။

ဒါနဲ့ အဲ့လိုပုံစံနဲ့တစ်နေရာရမှာသွားပြီးငိုနေမှာတော့မဟုတ်လောက်ဘူးမလား။သူအပြစ်ကြီးအောင် တမင်သက်သက်လုပ်ချင်နေပုံပဲ။အဲ့ဒီရှောင်းကျန့် ! တကယ်ပဲသူ့ကိုအတွေးမငြိမ်အောင်သိပ်လုပ်တာ။

ထွေပြားနေတဲ့စိတ်ကိုလျစ်လျူရှုပြီး လမ်းဘေးကိုတစ်ချက်ဝဲကြည့်လိုက်သည်။မနက်ထဲကဘာမှမစားရသေးတော့ ဗိုက်ထဲကဟာနေပြီ ။ ဒီမြို့ကဟင်းတွေထမင်းစားရတာသူအဆင်ကိုပြေမနေဘူး။ဟိုလူချက်ပေးတဲ့ ဟာတွေကကောင်းသလိုလိုရှိပေမဲ့လည်း သူအခုတော့ စားလို့ရမှာမဟုတ်တော့ဘူးလေ။
မနီးမဝေးမှာရှိတဲ့ cafe ဆိုင်တစ်ခုကိုတွေ့တော့ သူထိုနေရာကိုပဲရွေးချယ်လိုက်သည်။

ဆိုင်လေးက သန့်သန့်လေးနဲ့သပ်သပ်ရပ်ရပ်လေးပင်။ကြည့်တာနဲ့တင် စားချင်စရာကောင်းမည်ပုံမျိုး။

"မင်္ဂလာပါရှင် လူကြီးမင်းဘာများအလိုရှိပါသလည်း "

အသံချိုချိုလေးကြောင့် ဝမ်ရိပေါ်က ထိုအသံလားရာနေရာကိုသွက်သွက်လေးကြည့်လိုက်မိသည်။ကျော့ကျော့ရှင်းရှင်းနဲ့ ကြည်လင်နေတဲ့မျက်နှာလေး ! ကျောလယ်ထိဝဲကျနေတဲ့ဆံပင်ရှည်ရှည်လေးကို ချထားပြီး နားရွက်ကြားမှာ အဖြူရောင်နှင်းဆီပန်းလေးတစ်ပွင့်ကိုပန်ထားလေသည်။တကယ်ပဲ သူမကိုကြည့်ရတာ ရင်ထဲအေးချမ်းသွားတာပဲ။ဝမ်ရိပေါ် သဘောတကျနဲ့ပြုံးလိုက်ပြီး ထိုအမျိုးသမီးလေးအား စူးစိုက်ပြီးကြည့်လိုက်လေသည်။

Remember me❣(YiZhan)Where stories live. Discover now