(17)

793 80 4
                                    

Zawgyi

"ဝမ့် အင်္ကျီထုတ်ထားပေး ! မီးခိုရောင်နော် "

ရေချိုးခန်းထဲကနေ ထွက်လာတဲ့အသံဆာဆာလေးကြောင့် ဝမ် စိတ်လိုလက်ရပြုံးလိုက်သည်။သူတို့နှစ်ယောက်အချစ်ခရီးလမ်းကိစ္စတင်ဖို့ဆုံးဖြတ်လိုက်ပြီးတဲ့အချိန်ကစပြီး သူ့ကောကတအားဆိုးလာတာ။အရင်ကထက်ပိုပြီးစိတ်ကောက်တတ်သလို အနိုင်ရလိုစိတ်ကလည်း နှစ်ဆပြင်းထန်လာသည်။
ဘာလုပ်လုပ် သူ့(ရှောင်းကျန့်)စိတ်တိုင်းကျဖြစ်လိုက်ရမှ မဟုတ်ရင်တော့ တစ်နေ့လုံးနှုတ်ခမ်းဆူပြီး စကားပြောတော့မှာမဟုတ်ပေ။ပိုချစ်မိတဲ့သူကရှုံးတယ်တဲ့ ~အဲ့ဒီတော့ ဝမ်က loserလေးပေါ့ ရှောင်းကျန့်တစ်ယောက်တဲ့အတွက်သီးသန့်လေ ...

"အိုက်ယား ငါ့ခါးနာလို့သေတော့မယ် သိလား ! သူဌေးကမနှစ်ကစာရင်းတွေကိုလေ တစ်ခုမကျန်ပြန်စစ်ခိုင်းနေတာ အိမ်သာသွားဖို့တောင် အချိန်လုနေရတာ တကယ်ပဲစိတ်ပျက်စရာကောင်းတယ် "

"အင်းးး ဘယ်လောက်တောင်များတာလည်း ကျွန်တော်ကူလုပ်ပေးရမလား ! ဒီနားကိုတိုးအုံး "

ရေချိုးခန်းထဲကထွက်လာပြီးတာနဲ့ ရေကိုပွတ်သပ်သုတ်ပြီးထုတ်ထားတဲ့အင်္ကျီကိုကမန်းကတန်းဝတ်သည်။ကြေးများတတ်တဲ့ရှောင်းအကိုကြီးက အအေးကြောက်တာတော့မပြောနဲ့။နှစ်ယောက်သားစိတ်ကောက်ထားလို့တစ်နေ့လုံးစကားမပြောရင်တောင် ညဘက်ဆိုရင်အော်တို ဝမ့်ရင်ခွင်ထဲကိုရောက်လာပြီးသား။ခေါင်းကိုခြောက်အောင်မသုတ်ပဲ ယောင်လည်လည်လုပ်နေတော့ အနားတိုးခိုင်းပြီးသေချာသုတ်ခိုင်းရတာဝမ်ပါပဲ~

"မင်းက ငါ့စာရင်းတွေကိုနားလည်လို့လား ! "

"ကောက သင်ပေးလေ အဲ့လိုဆိုမဖြစ်ဘူးလား "

"ပြသနာမရှိဘူး အချိန်တွေကျန့်ကြာလို့ ငါ့ဟာငါပဲအပင်ပန်းခံလိုက်မယ် "

"သဘောပါဗျာ "

ရွှတ် ......

ရေကိုသေချာစင်နေအောင်သုတ်ပေးလိုက်ပြီးတော့ ဝမ်က ရှောင်းကျန့်ရဲ နီစွေးနေတဲ့ပါးပြင်တစ်ဖက်ကိုသူ့နှာခေါင်းလုံးလုံးလေးနစ်မြုပ်သွားအောင်ဖိကပ်နမ်းရှုံ့လိုက်သည်။

Remember me❣(YiZhan)Where stories live. Discover now