Unicode
ဘာမှန်းမသိတဲ့အခြေနေမှာ ရှောင်းကျန့်ကယောင်နနလေး။စိုစွတ်သွားအထိတွေ့ကို ထပ်ခါထပ်ခါပြန်စဉ်းစားရင်း ဘာတွေဖြစ်သွားခဲ့လည်းဆိုတာ ပြန်ပြီးဖမ်းဆုပ်နေသည်။ပါးမို့မို့တွေကွေးတက်နေအောင်ပြုံးနေပြီးစကားရေပတ်မဝင်အောင်ပြောနေတဲ့ ကောင်လေးကတော့ ဘာမှရေးကြီးခွင်ကျယ်မဟုတ်သလိုပင်။အခုလေးတင် နွေးသွားခဲ့တဲ့ နှုတ်ခမ်းကိုရှောင်းကျန့် လက်လေးနဲ့ ခပ်ဖွဖွလေးထိကြည့်တယ်။ဒါက ဝေးကွာနေပြီဖြစ်တဲ့ဝမ်နဲ့ သူ့ရဲ့ ပထမဆုံးအနမ်းပင်။ခံစားချက်ချင်းက အနည်းငယ်ကွဲလွဲနေပေမဲ့ သူကတော့အခုထိ ရင်ထဲမှာတလှပ်လှပ်ဖြစ်နေတုန်း။
"ကော … ထမင်းစားမယ်လေ လာခဲ့တော့ "
သြရှရှနဲ့အသံလေးရဲ့ ခေါ်ဆိုမှုကြောင့် ရှောင်းကျန့်ကအတွေးနွံထဲမှလျင်မြန်စွာရုန်းထွက်လိုက်သည်။
"ဟမ် အင်းး "
စားပွဲပေါ်မှာရှိနေတဲ့ ဟင်းပွဲတွေကိုဟိုဟိုဒီဒီစီရီရင်း ဝမ်ရိပေါ်တစ်ချက်ပြုံးလိုက်သည်။ဒီအူကြောင်ကြောင်နဲ့ ရှောင်းကျန့်က တကယ့်ကိုလူချစ်အောင်လုပ်တတ်တာပဲ။ဒါကြောင့် ဝမ်ဆိုတဲ့ကောင်တမ်းတမ်းစွဲခဲ့တာနေမှာ။တစ်ခါလောက်လေးနမ်းပြီးတဲ့သူတောင် အကောင်းမြင်တဲ့အတွေးတွေ တန်းစီပြီးပေါ်လာတာ နေ့ညမလပ်ထိတွေ့ဘူးတဲ့လူ သဲသဲလှုပ်တာကိုတော့အပြစ်ဆိုဖို့ အကြောင်းမရှိတော့ပါဘူး။
"မင်းကိုတော့ အလုပ်ရှုပ်စေမိပြီ !တကယ်တော့ ကောဗိုက်လည်းမဆာပါဘူး "
"ကောမဆာပေမဲ့ ကျွန်တော်ဆာတယ်လေ "
တစ်ကိုယ်လုံးကိုသိမ်းကြုံးပြီးကြည့်ကာအ ပြောခံလိုက်ရတာကြောင့် ရှောင်းကျန့် ကြက်သီးတွေတဖြန်းဖြန်းထသွားရသည်။ဆာတာကတော့ ထမင်းဆိုတာသေချာတယ်မဟုတ်လား !
"ဘာ ဘာဆာတာလည်း "
"ဗိုက်ပါ … ဗိုက်ဆာတာပါဗျာ ဟား ဟားး "
မျက်လုံးအိမ်တွေဂဏှာမငြိမ်ဖြစ်နေတဲ့ အကောင်ပေါက်ကိုကြည့်ပြီး ဝမ်ရိပေါ်တော်တော်အသဲယားနေလေပြီ။နည်းနည်းလောက်စလိုက်တာနဲ့တွန့်သွားတော့တာပဲ။တကယ့် အူကြောင်ကြားလေး။
YOU ARE READING
Remember me❣(YiZhan)
Fanfictionကျွန်တော်မမှတ်မိတဲ့အကြောင်းရာတွေကို ခဏမေ့ထားပြီး လက်တွေ့မှာအနေနီးအောင်ကြိုးစားကြမယ်လေ ...... ကျွန်တော်မမှတ်မိတဲ့အကြောင်းရာတွေကို ခဏမေ့ထားပြီး လက်တွေ့မှာအနေနီးအောင်ကြိုးစားကြမယ်လေ ......