Zawgyi
သာမာန်မိသားစု တစ်ခုကညစာစားပြီးဘာလုပ်မယ်လို့ထင်ပါသလည်း။တခြားလူတွေကိုမပြောတတ်ပေမဲ့ သူတို့မိသားစုကတော့ တစ်နေ့တစ်တာ ကုန်ဆုံးလုဆဲဆဲ အိပ်ချိန်ကို ဒီလိုပဲဖြတ်သန်းပါတယ်။
တစ်နေကုန်အလုပ်ပင်ပန်းထားလို့ ထမင်းစားသောက်အချိုတည်းပြီးတဲ့အချိန်မှာတော့ ပါးက တယ်လီဗေးရှင်းမှာလာတဲ့ နိုင်ငံရေး၊အားကစားသတင်းတွေကို တစ်စိုက်မတ်မတ်နားထောင်မည်ဖြစ်ပြီး မားကတော့ မနက်ဖြန်အတွက် ပိတ်စတွေညှပ်နေမည်ဖြစ်သည်။ထုံးစံအတိုင်း ကျဲက ကလေးတွေရဲ့ အပတ်စဉ်တိုးတက်မှုအဆင့်တွေကိုစီိစဉ်နေမည်ဖြစ်ပြီး သူကတော့ ခပ်ဆွေးတွေးအချစ်ဝတ္ထုတွေဖတ်နေတာပဲဖြစ်ဖြစ်
MP4ထဲက ငြိမ့်သက်သက်သီချင်းလေးတွေနားထောင်တာပဲဖြစ်ဖြစ်လုပ်မည်ဖြစ်သည်။သို့သော် အခြေနေကယမန်နေ့ကနဲ့ကွဲပြားနေပြီဖြစ်သည်။လူပိုတစ်ယောက်ကို အလယ်မှာထားပြီး မိသားစုဝင်အကုန်လုံးစူးစမ်းနေကြရသည်။
သူ့ရဲ့စပို့ရှပ် ပွပွကိုပေးဝတ်ထားပြီး ဝတ်နေကြချည်ဘောင်းဘီတစ်ထည်ပါကောက်ဆင်ပေးထားရသည်။အခုတော့ ပေတိပေစုတ်လေးကသန့်ပြန်နေပြီဖြစ်သည်။အေးနေတဲ့ကြားက ရေပူမရတဲ့အတွက် ရေအေးနဲ့ပဲသန့်စင်ပေးထားရတော့ နှာတရှုံ့ရှုံ့နဲ့ နီမြန်းမြန်းမျက်နှာလေးက ဟိုလှည့်ဒီလှည့် ~
"ကဲ ဝမ်လေး !ထမင်းစားရတာဝရဲ့လား "
စကားပြောသွက်သည့်မားကပဲ စကားစသည်။ဒီအူတူတူနဲ့ ဟာလေးကို ဘယ်လိုမေးမြန်းရမလည်းသူလည်းမသိပေ။လူကြီးတွေကတော့ ထိုတာဝန်ကိုယူနိုင်မည်ထင်သည်။
ရေစိုလို့ကပ်နေတဲ့ဆံပင်နက်နက်လေးတွေကအချောင်းလိုက်လေးနဖူးပေါ်ကိုကျနေသည်။မျက်တောင်စိပ်စိပ်တွေကိုတဖျတ်ဖျတ်ပုတ်ခတ်ကာ မိသားစုဝင်တွေကိုတစ်လှည့်စီလိုက်ကြည့်သည်။အခုဘယ်သူက ဘယ်သူ့ကိုစူးစမ်းနေတာလည်း!
"ထမင်းစားရတာအဆင်ပြေလားလို့လူုကြီးကမေးနေတာဖြေလိုက်လေ "
လူကြီးစကားကိုလည်းပြန်မပြောနားမထောင်လုပ်နေတော့ ဝင်ပြောရသည်ကိုယ်ပဲ။စောစောကပဲသူနဲ့တစ်ခွန်းစ နှစ်ခွန်းစအပြန်အလှန် ပြောဆိုခဲ့ကြသေးသည်မဟုတ်လား။ပြီးတော့ သိပ်ပြီးစိတ်ရှည်လက်ရှည်လူစားမဟုတ်တော့ ပိုခက်ပေရော့သည်။
YOU ARE READING
Remember me❣(YiZhan)
Fanfictionကျွန်တော်မမှတ်မိတဲ့အကြောင်းရာတွေကို ခဏမေ့ထားပြီး လက်တွေ့မှာအနေနီးအောင်ကြိုးစားကြမယ်လေ ...... ကျွန်တော်မမှတ်မိတဲ့အကြောင်းရာတွေကို ခဏမေ့ထားပြီး လက်တွေ့မှာအနေနီးအောင်ကြိုးစားကြမယ်လေ ......