(8)

1K 100 3
                                    

Zawgyi

နွေးထွေးတဲ့ရင်ခွင်လစ်ဟာသွားတော့ အအေးဓာတ်ကပုံမှန်တိုင်းပဲပြန်ဖြစ်သွားတယ်။ရှောင်းကျန့်က သူ့ရဲ့ခန္ဓာကိုယ်သေးသေးကို ပိုကြုံ့လိုက်သည်။ဒါပေမဲ့ အေးနေတုန်းပဲ !

တစ်ကိုယ်လုံးကို လုံးထွေးပြီးပတ်ထားတဲ့ ဂွမ်းစောင်ထဲက တွန်းရုန်းထွက်ပြီး မို့ကျနေတဲ့ မျက်ခွံလေးလေးတွေကို တဖြတ်ဖြတ်ခတ်ကာ ခပ်ဖြေးဖြေးဖွင့်လိုက်သည်။မှုံကုပ်ပြီး အိပ်မှုန်စုတ်ဖွားဖြစ်နေတဲ့ ရှောင်းကျန့်ရဲ့မျက်နှာက ရှုပ်ထွေးပြီး ညစ်ပတ်လေးဖြစ်နေသည်။တစ်ချက်သမ်းဝေကာ အပြင်းကြောဆန့်လိုက်သည်။ဘေးပတ်ဝန်းကျင်ကို တပတ်လည်ကြည့်တော့ မည်သူမှမရှိ။အရင်လိုအနားကနေတတွတ်တွတ် လာနှိုးမဲ့အာပေတူးကောင်ဘယ်ရောက်နေလည်းမသိပါ။

အနားမှာလုံးထွေးနေတဲ့စောင်ပုံကိုတစ်ချက်ကန်ထုတ်ပြစ်
လိုက်ပြီး ရေချိုးခန်းထဲကို ယိုင်တိုင်တိုင်နဲ့ဝင်သွားလိုက်သည်။တစ်နေ့တစ်နေ့ ဒါတွေပဲလုပ်နေရတာ ဘယ်လောက်တောင် ပျင်းဖို့ကောင်းလိုက်သလည်း!

ရေချိုးခန်းထဲမှန်သေးသေးရှေ့ရပ်ပြီး သွားတိုက်ဖို့ပြင်တော့ သွားတိုက်ဆေးနဲ့ သွားတိုက်တံကတကွဲတပြား။ဝမ်က သွားတိုက်ဆေးထည့်ပေးထားဖို့မေ့သွားတာလား။

ထားလိုက်ပါတော့...

ဒီလောက်လေးနဲ့ပြသနာမရှိဘူးလေ။သွားကိုခပ်သွက်သွက်လေးတိုက်ပြီး ရေချိုးဖို့ပြင်လိုက်သည်။

ရှောင်းကျန့်က မျက်မှောင်ကုပ်ကာ ဗလာကျင်းနေတဲ့ ရေချိုးဇလားကိုကြည့်လိုက်သည်။ဝမ်က သူ့ကိုရေလည်းမစပ်ပေးထားပြန်ဘူး။မဟုတ်မှလွဲရော မနေ့ကကိစ္စနဲ့ပတ်သတ်ပြီး စိတ်မပြေသေးတာလား! ကလေးကလားနဲ့။အမြဲတမ်းမလုပ်ပေးနိုင်ဘူးဆိုရင်လည်းအစထဲက မလုပ်ပေးနဲ့လေ အခုတော့ သူကအကျင့်ဖြစ်နေပြီ။နေ့စဉ်လုပ်ရမဲ့အလုပ်တွေကိုတောင် လုပ်ဖို့အတော်လေးပျင်းနေပြီဖြစ်သည်။

အေးစက်နေတဲ့ရေကိုပဲဖွင့်ပြီး ချိုးလိုက်ရသည်။တဘက်ကြမ်း၊ယူနီဖောင်းမ် အိပ်ယာသိမ်းဖို့ကအစ အဆင့်သင့်ရှိမနေတော့ နဂိုထဲက စိတ်လက်တဆစ်လေးက အတော်ကိုတိုလာပြီဖြစ်သည်။မြင်မြင်သမျှဘာကိုမှစိတ်တိုင်းမကျ! ဒါမှမဟုတ် အိပ်ယာနိုးတာနဲ့မြင်နေကျ တစ်စုံတစ်ယောက်ကို အခုချိန်ထိ မမြင်ရသေးလို့မကြည်မလင်ဖြစ်နေတာလည်း ဖြစ်နိုင်တယ်။

Remember me❣(YiZhan)Where stories live. Discover now