(37)

937 98 7
                                    

Zawgyi

"ဘာလုပ်နေတာလည်း "

အေးစက်နေတဲ့အသံကြောင့် ဝမ်ရိပေါ်က ဓာတ်ပုံဘောင်ကို တင်းတင်းဆုပ်ကိုင်လိုက်မိသည်။ဒီအေးစက်နေတဲ့အသံက သူ့နောက်ကျောနောက်ကို ရောက်နေပြီ။ပြီးတော့ သူ့မှာအကြောင်းပြချက်ကောင်းကောင်းပေးစရာလည်းရှိမနေဘူး…

"ဘာလုပ်နေတာလည်းလို့ မေးနေတယ်လေ "

ရှောင်းကျန့် က ရေစက်လက်ဖြစ်နေတဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုဂရုမစိုက်နိုင်။သူ့အခန်းထဲကိုပိုင်းစိုးပိုင်နင်းဝင်လာတဲ့ လူက ဘဟ်သူလည်းဆိုတာကပိုအရေးကြီးနေလို့လေ။ဝတ်စားပုံကိုကြည့်လိုက်တာနဲ့ သူခိုးမဟုတ်မှန်းသေချာတပ်အပ်ပြောနိုင်ပြီး ဒီနောက်ကျောပြင်ကို သူရင်းနှီးတဲ့အငွေ့သက်လည်းရနေတယ်။မဟုတ်မှလွဲရော !

"အဟမ်း … "

ဝမ်ရိပေါ်က စိတ်ကိုပြင်ဆင်တဲ့အနေနဲ့ ချောင်းတစ်ချက်ဟမ့်လိုက်သည်။ခန္ဓာကိုယ်ကိုလှည့်ပြီး မျက်နှာချင်းဆိုင်လိုက်ရုံပဲလေ ဘာများခက်ခဲနေလို့လည်း ဟုတ်တယ်မလား။

"ဒီတိုင်းပါပဲ လျှောက်ကြည့်နေတာ သိပ်တော့လည်းမထူးဆန်းပါဘူး "

ခပ်မဲ့မဲ့မျက်နှာနဲ့အတူ ရွဲ့တဲ့တဲ့အသံကိုပါမြင်လိုက်ကြားလိုက်တာကြောင့် ရှောင်းကျန့်အံ့သြသွားတာကိုထိန်းလို့မရ။ဘယ်လိုဖြစ်ပြီး ဒီထဲထိ ဝင်လာရတာလည်း။ကိုယ်နဲ့သူနဲ့လည်း ပတ်သတ်စရာအကြောင်းလည်းမရှိတော့ပါပဲ။

"ဘာလာလုပ်တာလည်း အခုချက်ချင်းပြန်ထွက် "

အဝတ်ကပ်မနေတဲ့အပေါ်ပိုင်းနဲ့အတူ ရေစလေးတွေကပ်နေတဲ့ ဆံနွယ်စတို့ကပါ စုနေသေးသည်။အဲ့ဒီ ရှောင်းမျိုးရိုး …ဘာလို့ ဒီလောက်တောင်ကြည့်လို့လှနေရတာလည်း။

"မကြားဘူးလား ထွက်သွားလို့ ! "

အလှမှာနစ်မြောနေတဲ့  ဝမ်ရိပေါ်က ဘေးနားမှာရှိတဲ့ အသံပလံကိုမကြားနိုင်ပဲရှိနေပြီး အတွေးကမ္ဘာထဲနစ်မြောနေသည်။ဒီရှည်မျောမျောနဲ့လူသားဆီမှာ ဒီလိုမှင်သက်စရာကောင်းနေတဲ့ အလှတရားရှိနေလိမ့်မယ်လို့ဘယ်တုန်းမှ မတွေးမိခဲ့ဘူး။
တကယ့်ကို သူခြေတလှမ်းနောက်ကျခဲ့တာပဲ …

Remember me❣(YiZhan)Where stories live. Discover now