Zawgyi
ဒီနေ့ရာသီဥတုကမှိုင်းတိုင်းတိုင်းနဲ့ နေရထိုင်ရအတော်လေးခက်သည်။မနေ့ကအရိန်ကြောင့်အီနေတဲ့သူက ရာသီဥတုကိုအကြောင်းပြုပြီးပိုရစ်ထုတ်လုပ်တော့သည်။ထိုင်ရာကမထဘဲ ဟိုဟိုဒီဒီလက်ညှိုးထိုးပြီးခိုင်းတတ်သလို စိတ်မကြည်ရင်မကြည်သလိုလည်းအော်တတ်သေးသည်။ဒီကြားထဲသူက စိတ်မရှည်တဲ့အမူယာများပြမိလျှင် အသံဆာဆာလေးက လေးထဲလွှင့်လာပြီးသူ့နားစည်ကိုအပြင်းအထန်ဒုက္ခပေးလေတော့သည်။
"အမှိုက်လိုရည်းစား ! ဒီလိုဖြစ်နေရတာဘယ်သူကြောင့်လည်း "
အက်ကွဲနေတဲ့အသံသေးသေးလေးက တုန်ယင်နေသည်။ထပ်ပြီးသာစကားဆက်လျှင်အတည်ပေါက် ငိုချတော့မည်ထင်သည်။တစ်ချိန်လုံး အော်ဟစ်ထုရိုက်ခံနေရသည့်အဓိကအကြောင်းအရင်းမှာမနေ့က သူ(ရှောင်းကျန့်) ရပ်ခိုင်းတာမရပ်ပေးလို့ပင်။စိတ်တွေပြင်းပြနေချိန်မှာတော့ အမှားလေးလည်းလုပ်မိမှာပေါ့လေ။ဒါပေမဲ့အခွင့်ရေးယူသူကတော့ မနက်မိုးလင်းထဲက သူ့ကိုကိုက်ဆွဲထုရိုက်ပြီးအခုထိလည်းအမျက်မပြေနိုင်သေး။ပြီးရင် မျက်ရည်လေးစမ်းတမ်းစမ်းတမ်းနဲ့ကြာပန်းဖြူလေးလည်းလုပ်တတ်သေးတာ။
"အကုန်လုံးမင်းကြောင့်ပဲနားလည်လား "
"အင်းး သိပြီ ကျွန်တော်နောက်ထပ်မလုပ်ရဲ့တော့ပါဘူး "
အဓိကပြသနာက နေ့လည်စာကစသည်။ဒီနေ့မားချက်တဲ့ဟင်းက ဝက်သားအစပ်ချက်။ဒေသစာမို့ကောကအတော်လေးသဘောကျသည်။သို့ပေမဲ့ စားလို့မဖြစ်တဲ့အခြေနေတွေကြောင့် ယုန်ငစွာလေးရဲ့ဒေါသတွေအကုန်သူ့ပေါ်ပြုံကြလာပြီး အခုလိုအပြောခံနေရချင်းပေ။
"နည်းနည်းလောက်ဖြစ်ဖြစ်စားနော်ကော ! အဲ့ဟင်းကိုနောက်နေ့မားကိုထပ်ချက်ခိုင်းရင်ရတာပဲကို "
"မင်းနားမလည်ဘူး !မားကဘယ်လောက်တောင်လက်ပေါက်ကပ်လည်းဆိုတာ အခုတော့မြင်ပဲမြင်နေရတယ်မကျင်ရဘူး အဲ့ဒီခံစားချက်ကဘယ်လောက်တောင်ဆိုးလည်းမင်းသိလား "
"ကျွန်တော်သိပါတယ် အခုတော့ဒါတစ်ပန်းကန်ကုန်အောင်စားပေနော် ! ညနေစောင်းရင် အာတာပူစီလိုက်ကြွေးမယ် "
YOU ARE READING
Remember me❣(YiZhan)
Fanfictionကျွန်တော်မမှတ်မိတဲ့အကြောင်းရာတွေကို ခဏမေ့ထားပြီး လက်တွေ့မှာအနေနီးအောင်ကြိုးစားကြမယ်လေ ...... ကျွန်တော်မမှတ်မိတဲ့အကြောင်းရာတွေကို ခဏမေ့ထားပြီး လက်တွေ့မှာအနေနီးအောင်ကြိုးစားကြမယ်လေ ......