(3)

1.2K 130 1
                                    

Zawgyi

"ဟိုလေ ဆရာသူဘာဖြစ်တာလည်းဟင် "

အိပ်ယာပေါ်မှာငြိမ်သက်ပြီးလှဲလျောင်းနေသူကို တွေ့တော့လည်းစိတ်ထဲတော့မကောင်းချင်။ရေစက်ပါလို့ စုံစည်းကြတယ်လို့ပဲသတ်မှတ်ရမလား ပါးစုံစမ်းပေမဲ့ ထိုကောင်လေးနဲ့ပတ်သတ်ပြီး အကြောင်းရာတစ်စွန်းတစ်စတောင်စုံစမ်းမရ။မူးမေ့လဲသွားတော့လည်း တစ်အိမ်လုံးပြာယာခတ်ရပြန်သည်။ပုံမှန်ဆို အလုပ်ပျက်ဖို့ခဲယဉ်းတဲ့သူတောင်အလုပ်ပျက်ရပြန်ပြီ။

"အင်း သူက ဦးနှောက်မှာထိခိုက်ထားတယ် ဆေးရုံသွားပြီးဓာတ်မှန်ရိုက်ကြည့်တာ ပိုအဆင်ပြေမယ်ထင်တယ် အကိုရှောင်းပြောသလို ဘာမှမမှတ်မိဘူးဆိုတော့ အတိတ်မေ့တာလည်းဖြစ်နိုင်တယ် အပြင်ပန်းဒဏ်ရာမရှိပဲ မှတ်ညဏ်တွေချို့ယွင်းသွားတာပေါ့ ကျွန်တော်မြင်ဘူးတဲ့လူနာတစ်ယောက်ဆို ဦးနှောက်ထဲမှာဗလာကျင်းသွားတာမျိုးပေါ့ အတင်းကြိုးစားပြီးကုသဖို့လည်းမဖြစ်နိုင်ဘူး "

"အင်း ဒေါက်တာလျိုပြောတာနားမလည်ပေမဲ့ ဖြစ်နိုင်ချေရှိလောက်တယ်လို့ထင်ပါတယ် ဒါပေမဲ့ ဆေးကုသဖို့ကျတော့ ...... "

အင်းး ကျွေးလည်းကျွေးရ ဆေးဝါးပါကုပေးရဆိုရင်တော့ ဒါကတော်တော့ကိုအဆင်မပြေတာပေ။သာမာန်မိသားစု​လေးက ဒီလောက်ထိစေတနာကောင်းပေးမနိုင်ဘူး။မားကိုလှမ်းကြည့်တော့လည်း မျက်နှာပျက်နေသည်။ဘယ်တတ်နိုင်မလည်း ကိုယ်မှမကူညီနိုင်ပဲကို.......

"အကိုရှောင်းတို့အဆင်မပြေရင် သူ့ကို ခေါ်ပြီးရဲစခန်းမှာအပ်လိုက်ပါလား ဘယ်လိုပဲဖြစ်ဖြစ် စိတ်ချရတယ်မဟုတ်လား "

ဒေါက်တာလျိုရဲ့စကားကိုဒီတစ်ခါတော့နားထောင်ရမည်ဖြစ်သည်။တစ်ခြားအရာတွေထက်စာရင် ရဲစခန်းကအသင့်တော်ဆုံးပဲလေ။

"ဒါဆို ကျွန်တော့်ကိုပြန်ခွင့်ပြုပါအုံး "

"အားကျန့် !ဒေါက်တာကိုပြန်ပို့လိုက်အုံးလေ "

သူခေါင်းအသာငြိမ့်ပြလိုက်ပြီး ဆေးအိတ်ကိုဆွဲကာ ထွက်လာလိုက်သည်။ဒေါက်တာလျိုကတော်ပြီးထက်မြက်တဲ့လူတစ်ယောက်ပေ၊မထင်ရပေမဲ့ သူကကျဲကိုသဘောကျနေတာဖြစ်သည်။ဖွင့်မပြောသေးပေမဲ့ တစ်မြို့လုံးကရိပ်မိကြသည်။အပြစ်ပြောစရာမရှိတဲ့လူမို့ သူကလည်းအရေးတယူလုပ်ပြီး ကန့်ကွက်မနေပါ။ဆရာဝန်ဆိုတာ သာမာန်မိသားစုတွေအတွက်တော့ရွှေခဲပဲမဟုတ်လား.....

Remember me❣(YiZhan)Where stories live. Discover now