Warning : ဒါက ကလေးတွေဖတ်ရမယ့်အပိုင်းမဟုတ်ဘူး***************************************************
''ဆေး....ဆေး! ''
''ဟင်!...''
ဆေးပခုံးကိုခပ်ဖွဖွပုတ်၍ နှိုးလာသောကိုကို့ကြောင့် ဆေး ရုတ်ရက်လန့်သွားရသည် ။
ဆေးလို ရွှေလင်ဗန်းနဲ့အချင်းဆေးပြီးမွေးလာတဲ့လူမျိုးက အပြင်မှာ ၂နှစ်လောက် ဒုက္ခခံနေရတာလွယ်တာတော့မဟုတ်ဘူး ။
နူးညံ့အိစက်တဲ့မွေ့ရာအစား သစ်သားကြမ်းပြင်ပေါ်မှာ ပြောင်းပြီးလှဲအိပ်ခဲ့တာက လိုချင်တာရဖို့အတွက်ရင်းခဲ့ရတဲ့ Lအီဆေးရဲ့ အရင်းအနှီးတစ်ခုပင် ။
နူးညံ့အိစက်တဲ့မွေ့ရာရဲ့အထိအတွေ့ကို သတိမရဘူးဆိုရင် ဆေးက လိမ်ရာကျပါဦးမယ် ။
အိမ်ကမွေ့ရာလောက်မနူးညံ့ပေမယ့် ကိုကို့ရဲ့ နောက်ဆုံးပေါ်ကားမှာပါတဲ့ ကားကူရှင်ကလဲ အရမ်းကိုမှ သက်တောင့်သက်သာ ရှိလွန်းလို့ ကိုကိုနဲ့အတူတူကားစီးလာတာကိုတောင်မေ့ပြီး ကားပေါ်ရောက်ရောက်ချင်း ဆေးတစ်ယောက် အိပ်ပျော်သွားခြင်းပင် ။
''ရောက်ပြီလေ....''
''အော်...အင်း...''
ကိုကိုက သတိပေးသလိုပြောလာတော့မှ ဆေး လဲကားပေါ်ကဆင်း၍ ဘေးဘီဝဲယာကိုတစ်ချက်ကြည့်လိုက်သည် ။
မိမိအရှေ့မှာမြင်နေရတဲ့ မြင့်မားလှတဲ့အဆောက်အအုံတွေကိုတစ်ချက်ကြည့်ပြီး ဆေး မျက်နှာမဲ့ပစ်လိုက်သည် ။
ကိုကိုကစကားပြောချင်တယ်ဆိုလို့ ဆေးက လိုက်လာတာ...။
ဆေး ထင်တာက စားသောက်ဆိုင်တစ်ခုရဲ့ vvip roomတစ်ခုလောက်ကိုခေါ်သွားမယ်ထင်နေတာလေ ။
အခုတော့ ကိုကိုတစ်ယောက်ထဲနေချင်ရင် လာပြီးအနားယူနေကျဖြစ်တဲ့ ကိုကိုပိုင်ဆိုင်တဲ့condoတွေထဲကတစ်ခုကိုခေါ်လာမယ်လို့တော့မထင်ထားဘူး ။
အေးပေါ့လေ အစိုးရဘက်ကလူနဲ့ အစိုးရကိုတော်လှန်တဲ့လူက ဘယ်လိုလုပ် ရင်းရင်းနှီးနှီးနဲ့ အပြင်မှာမိတ်ဆွေဖွဲ့စားသောက်လို့ရမှာတဲ့လဲ ။
''သွားမယ်လေ ဘယ်အခန်းလဲ ''
''နေဦး..! ''
ဆေးက သွားမယ်ပြင်တော့ ကိုကိုက ဆေးကို လှမ်းတားသည် ။
YOU ARE READING
Say-So(S2) Completed
RomanceThis may contain mature contents so read at your own risk !!!