10.

1.8K 124 8
                                    


ဒေါက် ဒေါက် ဒေါက် ဒေါက်!

အဆက်မပြတ်ကြားနေရသော တံခါးခေါက်သံကြောင့် ဆေး အိပ်ချင်မူတူးနှင့် ထထိုင်လိုက်သည်။

ညတုန်းက ဖြစ်ပြီးသားအမှုအကြောင်းတွေ ပြန်ဖတ်နေရင်းနဲ့မှ ဆိုဖာပေါ်မှာပဲအိပ်ပျော်သွားတာဖြစ်ရမယ်။

ခန္ဓာကိုယ်ပေါ်၌ လွှမ်းခြုံထားသော စောင်အပါးလေးကတော့ အလုပ်မဆင်းခင် ရန်ရှင်း ခြုံပေးသွားတာဖြစ်ရမယ်။

ဒေါက် ဒေါက် ဒေါက် ဒေါက်!

ထပ်မံ၍ ကြားလိုက်ရသော တံခါးခေါက်သံကြောင့် Lအီဆေး အိပ်ရေးမဝစွာဖြင့် ဆံပင်အုပ်အုပ်လေးများကို စိတ်ညစ်ညူးစွာ ဆွဲဖွပစ်လိုက်သည်။

ဆိုဖာရှေ့က စားပွဲပေါ်၌ တင်ထားတဲ့ phကိုယူပြီး နာရီကိုကြည့်လိုက်တော့ မနက်၆နာရီပင်ရှိသေးသောကြောင့် ဆေး ဒေါသထွက်သွားရသည်။

ရန်ရှင်းသာဆိုရင် ဒီအချိန် ဆေး အိပ်နေမှန်းသိတဲ့အပြင် အခန်းသော့ပါပေးထားတာမို့ သူ့ဘာသာဝင်လာမှာပဲ။

အခုတော့ မနက်စောစောစီးစီး Lအီဆေးကို အိပ်ကောင်းချင်းမအိပ်ရအောင်လုပ်တာ ဘယ်ခွေးမသားလဲဆိုတဲ့ အတွေးနဲ့အတူ တံခါးကိုခပ်မြန်မြန်သွားဖွင့်၍ ပိတ်အော်ရန်ပြင်လိုက်သည်။

''အာ......ကျွန်တော့်ကြောင့်နိုးသွားတာလား...
sorryဗျာ ကျွန်တော်လာတာနည်းနည်းစောသွားပေမယ့် ခင်များနိုးနေမယ်ပဲထင်တာ ''

တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့မျက်နှာကြောင့် ပိတ်အော်ပစ်မည့်အစီအစဥ်အား ဆေး ရုတ်သိမ်းလိုက်ရသည်။

အားနာရိပ်တွေသန်းနေတဲ့ မျက်ဝန်းအစုံနဲ့ ဆေးကို ကြည့်နေတဲ့ နန္ဒာချမ်းမြေ့က စောစောစီးစီး ဘာလာလုပ်တာပါလိမ့်။

''အစောကြီး ဘာလာလုပ်တာလဲ နန္ဒာချမ်းမြေ့
အခုမှ မနက်၆နာရီပဲရှိသေးတာကို....''

''တကယ်တော့ မစောတော့ပါဘူးဗျ....ခင်များကသာအိပ်ပုတ်ကြီးနေတာ...ကျွန်တော်ဆို မနက်၄နာရီထဲကနိုးနေတာ ''

သူ့ဘာသာ နိုးချင်တဲ့အချိန်နိုးလေ...
ဒီလို နေတောင်မပွင့်သေးတဲ့ မနက်၆နာရီကြီးကို မစောဘူးလို့ပြောတာကတော့ နန္ဒာချမ်းမြေ့က ဘယ်လိုတောင်ခွေးစကားပြောတာလဲမသိဘူး။

Say-So(S2) Completed Where stories live. Discover now