15.

1.5K 107 20
                                    

(Warning 🚨🚨)

''ပြောဦးလေ အဲ့တော့ ခင်များ အဖြေက ဘာလဲလို့..''

ကားပေါ်ကဆင်းပြီး ဆေးရုံထဲဝင်တဲ့အထိ အနောက်ကနေ တတွတ်တွတ်လိုက်ပြောနေသော charmကို ဂရုမစိုက်ဘဲ ဆေးရုံထဲသို့ ခပ်သုတ်သုတ်ဝင်လာလိုက်သည်။

ဒီ့ကောင်ကိုစကားများမှန်းသိပေမယ့် သာလိကာနဲ့ကြက်တူရွေးဝင်စားလောက်တဲ့အထိ စကားများမှန်း ဆေး မသိခဲ့တာတော့အမှန်ပဲ ။

''နေဦးလို့....ခင်များကလဲ အဖြေအရင်ပေးပြီးမှသွားလေဗျာ...''

ခပ်သွက်သွက်လမ်းလျှောက်နေတဲ့ဆေးရဲ့လက်ကို charmက အနောက်ကနေ လှမ်းဆွဲပြီး ဆေး ခန္ဓာကိုယ်ကိုပါ သူ့ဘက်ကိုဆွဲလှည့်ပစ်လိုက်သည်။

အင်တာနေရှင်နယ်အရပ်နီးနီးရှိတဲ့ဆေးက charmနဲ့ ခန္ဓာကိုယ်ကအစ မတိမ်းမယိမ်းရှိပေမယ့် ဆေးရဲ့ လက်ကောက်ဝတ်ကတော့ charmရဲ့ လက်ဖဝါးကြီးကြီးတွေထဲမှာ အမြဲတမ်းအံဝင်တကျပင်ဖြစ်နေသည်။

''ဘာလုပ်တာလဲ....!လူတွေကြည့်နေတာ မင်းမမြင်ဘူးလား....!''

''ကြည့်,ကြည့်ဗျာ! ဘယ်သူ့ဂရုစိုက်ရမှာလဲ! ကျွန်တော်လိုချင်တဲ့အဖြေပေးပြီးမှ ခင်များကိုသွားခွင့်ပေးမယ်....''

ကလေးမဟုတ် သူငယ်မဟုတ် ဂျစ်တိုက်နေသော charmကြောင့် ဆေး တကယ် စိတ်ညစ်လာရသည်။

အခု ဆေးတို့ရှိနေတဲ့နေရာက ပြင်ပလူနာဌာနရဲ့ အဝင်ဝမို့လို့ လူနာတွေရော လူနာရှင်တွေကပါ ဆေးတို့နှစ်ယောက်ကို ကွက်ကြည့်ကွက်ကြည့်ဖြစ်နေကြသည်။

''မင်း ဘာဖြစ်ချင်နေတာလဲ နန္ဒာချမ်းမြေ့...! ''

''ခင်များနဲ့ဖြစ်ချင်နေတာလေ....!''

တစ်ခွန်းမကျန်ပြန်ပြောနေတဲ့ charmကြောင့် ဆေးမှာ ဘာပြန်ပြောရမှန်းတောင်မသိတော့ ။

ဆေးလက်ကိုအတင်းဆွဲထားပြီး လွှတ်မပေးသေးတဲ့ charmကြောင့် မရှက်ပေမယ့်လဲ အနေရခက်လာတာတော့အမှန်ပဲ ။

''ငါမင်းကို အဆုံးထိ လျစ်လျူရှုမယ်လို့ စဥ်းစားထားပေမယ့် မင်းအခုလုပ်နေတာတွေက ငါ့ကိုအနေရခက်စေတာမို့လို့ပြောမှဖြစ်တော့မယ် ''

Say-So(S2) Completed Where stories live. Discover now