21.

1.5K 84 7
                                    

(Warning: ကလေးတွေ ဝေးဝေးသွား xD)

ကိုကို့အခန်းထဲကိုရောက်တော့ စာကြည့်စားပွဲရှေ့က ခုံလေးတစ်လုံး၌ဝင်ထိုင်ကာ တစ်ခန်းလုံးကို မျက်လုံးကလေးဝေ့ကာဖြင့် လှည့်ပတ်ကြည့်လိုက်သည်။

ကိုကိုပိုင်တဲ့ တိုက်ခန်းတော်တော်များများကိုရောက်ဖူးပေမယ့် ဒီလိုအိမ်လို့သတ်သတ်မှတ်မှတ်ခေါ်လို့ရတဲ့နေရာမျိုးက ကိုကိုနေထိုင်တဲ့အခန်းထဲကိုတော့ အခုမှရောက်ဖူးတာမို့လို့ဆေးက မြင်မြင်သမျှကိုအထူးအဆန်းဖြစ်နေမိတာပါပဲ။

ဆေးရဲ့အခန်းလိုမျိုးလူငယ်မဆန်ဘဲ စာအုပ်စင်အကြီးကြီးကိုသာ အခန်းရဲ့ သုံးပုံတစ်ပုံလောက်နေရာယူထားပြီး king size bedရယ် စာရေးစားပွဲတစ်စုံရယ် ဗီရိုအကြီးကြီးနှစ်ခုရယ်သာရှိတဲ့ ကိုကို့အခန်းက ရိုးရှင်းတာထက်ကိုပိုပြီးရိုးရှင်းတဲ့အခန်းမျိုးဖြစ်တာမို့ စိတ်ဝင်စားစရာတော့ သိပ်မရှိပေ ။

သေချာပြန်စဥ်းစားကြည့်ရင် ဆေးက ကိုကို့အကြောင်းကိုလုံးဝမသိတဲ့ သူတစ်ယောက်လို့ပြောလို့ရသလို့ တစ်ဖက်မှာစဥ်းစားကြည့်ပြန်ရင်လဲ ဆေးလောက်ကိုကို့အကြောင်းကို အတွင်းကျကျသိတဲ့သူ မရှိလောက်ဘူးလို့ထင်ရပြန်သည်။

ပြောရရင် အခုလို ကိုကို့ရဲ့ ကိုယ်ပိုင်အခန်းအစစ်ကို အခုမှ မြင်ရသလိုမျိုးပေါ့....ကိုကိုသိခွင့်ပေးတဲ့အကြောင်းအရာကိုသာ သိခွင့်ရပြီး ကိုကိုကပေးမသိတဲ့ကိစ္စမျိုးဆိုရင်တော့ ဆေးက နားစွန်နားဖျားတောင်ကြားသိခွင့်မရတာမျိုး....။

​''ရေမချိုးတော့ဘူးလား ဆေး ''

ကိုကို့အသံကြားမှ ဆေးလဲ အတွေးစများကိုလတ်စသတ်ပြီး အသံလာရာကိုကြည့်လိုက်မိတော့ အပေါ်ပိုင်းဗလာနှင့်အောက်ပိုင်းမှာတော့ သဘတ်တစ်ထည်ကိုသာ ပတ်ထားကာ အဝတ်ဗီရိုကို ခပ်လျှောလျှောမှီ၍ လက်ပိုက်ပြီး ဆေးကိုစိုက်ကြည့်နေသော ကိုကိုနှင့်အကြည့်ချင်းသွားဆုံသည်။

သာမာန်အချိန်များမှာဆို suitအပြည့်အစုံပဲဝတ်တတ်တဲ့ကိုကိုရဲ့ အပေါ်ပိုင်းဗလာဖြစ်နေတဲ့ပုံစံမျိုးက အိပ်ယာပေါ်မှာနဲ့ အခုလိုရေချိုးခါနီးမျိုးမှာသာတွေ့ရတတ်တာမို့ ဆေးကလဲ အကြည့်မလွှဲဘဲ သေချာကိုစိုက်ကြည့်ပစ်လိုက်သည် ။

Say-So(S2) Completed Where stories live. Discover now