19.

1.3K 107 22
                                    


တတိယမြောက်တရားခွင်မှာထိုင်နေတဲ့ ဆေးက အရင်နေ့တွေကနဲ့မတူဘဲ စိတ်လက်ပေါ့ပါးစွာရှိနေခဲ့ပါသည်။

လုပ်သင့်လုပ်ထိုက်တာတွေထက်ပိုပြီး အကောင်းဆုံးကြိုးစားပေးထားတာမို့ နောက်ဆုံးresultဖြစ်တဲ့ တရားသူကြီးရဲ့ဆုံးဖြတ်ချက်ကလဲ တရားမျှတမှုရှိလိမ့်မယ်လို့ မျှော်လင့်ရတာပါပဲ။

အယ်လီကလဲ ခံရသူဆိုပေမယ့် မတော်တဆမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိလူသတ်ထားတာမို့ အလုံးစုံအပြစ်ကင်းတဲ့သူအဖြစ်လဲ ဆေးကမလိမ်ချင်ပေ။

အသက်သာဆုံးအပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၃, ၄နှစ်လောက်တော့ ကျခံရမယ် ထင်ပါရဲ့။

''အဆင်ပြေရဲ့လား ''

ဘေးနားမှာထိုင်ပြီး ကြမ်းပြင်ကိုစိုက်ကြည့်နေတဲ့အယ်လီ့ကိုမေးလိုက်တော့ အယ်လီက ကြမ်းပြင်ဆီမှအကြည့်လွှဲပြီး ဆေးရှိရာသို့ကြည့်လာသည်။

အယ်လီက တရားခွင်၃ရက်လုံးမှာ တုန်လှုပ်ခြင်းတစ်စုံတစ်ရာတောင်မရှိပါဘဲနဲ့ သာမာန်ထက်ကိုပိုပြီး တည်တည်ငြိမ်ငြိမ်ရှိနေခဲ့တယ် ။

''ကျွန်မကပြေပါတယ် ရှင်ရောအဆင်ပြေရဲ့လား ''

အမေးစကားပြန်ဆိုလာတဲ့အယ်လီအား ဆေး ခေါင်းညိတ်ပြလိုက်သည်။

''ပြေပါတယ်.....ကျွန်တော့်အထင် အနည်းဆုံးတော့ ၃,၄နှစ်လောက် အထဲဝင်ရနိုင်တာမို့လို့ စိတ်ကိုကြိုပြီးပြင်ဆင်ထားတာကောင်းမယ်ထင်တယ် ''

ဆေးရဲ့စကားအား အယ်လီက စိုးရိမ်မှုတစ်စုံတစ်ရာတောင်ရှိမနေဘဲ ခပ်သွဲ့သွဲ့လေးရယ်လာတယ်။

''ခံရတဲ့သူကိုတောင် အကာအကွယ်မပေးနိုင်တဲ့ ဥပဒေအောက်မှာတော့ ထောင်မကျချင်ဘူးရှင် ''

ခပ်သွဲ့သွဲ့လေးရယ်နေတဲ့အယ်လီက ဆေးဆီကနေအကြည့်ပြန်လွှဲသွားပြီး သူ(မ)ရဲ့ အာရုံအလုံးစုံကို အရှေ့ကကြမ်းပြင်ရှိရာသို့သာ ပို့လိုက်ပြန်တယ်။

အယ်လီ့ကိုကြည့်ပြီး ဆေးကစိတ်မောလွန်းစွာဖြင့်သက်ပြင်းကိုကျိတ်ချမိတယ်။

အယ်လီဝင်းသန်းက သိပ်ကိုမာနကြီးတယ် ။

သေလောက်အောင်စိတ်ပင်ပန်းနေပေမယ့် သူ(မ)ရဲ့ တစ်ချိန်တုန်းက ပြိုင်ဘက်ရှေ့မှာ ပြိုလဲမပြချင်တာမို့ မာနကိုတင်းခံပြီး အဆင်ပြေချင်ယောင်ဆောင်နေရှာတာ ။

Say-So(S2) Completed Where stories live. Discover now