''ကျွန်မက ကိုခွန်လကျ်ာတို့ကို ဒီ့ထက်တောင်ကြာဦးမယ်ထင်နေတာ ''ကိုကိုနဲ့ သွားတိုက်ဆေး မနက်စာစားပြီးနောက် ဧည့်ခန်းထဲသို့ပြန်လာကာ အယ်လီရဲ့ရှေ့ကဆိုဖာပေါ်၌ ဝင်ထိုင်ရုံရှိသေး စကားနာထိုးတာလား အတည်ပြောတာလား မသဲကွဲဘဲပြောလာတဲ့ အယ်လီကြောင့် ဆေးမျက်နှာကိုမဲ့ပစ်လိုက်သည်။
ဆေးရဲ့ဘေးမှာဝင်ထိုင်လာတဲ့ကိုကိုက ဆေးရဲ့လက်ဖဝါးလေးအား ခပ်ဖွဖွဆုပ်ကိုင်ရင်း အယ်လီအား တည်တည်ကြည်ကြည်ပင်စိုက်ကြည့်ကာ စကားဆိုသည်။
''sorry အယ်လီ....ကျွန်တော်တို့နည်းနည်းကြာသွားတယ် ''
''ရပါတယ်ရှင် ကျွန်မက အကူအညီတောင်းမယ့်လူပဲ ဘယ်လောက်ကြာကြာစောင့်နိုင်ပါတယ် ''
စေ့စပ်တော့မယ်အနေအထားထိရောက်ခဲ့ဖူးတဲ့ လူနှစ်ယောက်ရဲ့စကားပြောပုံဆိုပုံက နည်းနည်းသူစိမ်းဆန်နေသလိုဖြစ်နေတာမို့ ဆေးစိတ်ထဲ အနည်းငယ်တော့တမျိုးဖြစ်သွားမိသည်။
သိပ်အရေးမကြီးတဲ့ကိစ္စမို့ ဆက်မတွေးနေတော့ဘဲ အမှုကိစ္စကိုမေးမြန်းရန်သာပြင်လိုက်သည်။
''ဒါဆို ဒီက မအယ်လီဝင်းသန်းရဲ့ အမှုအကြောင်းလေးကို စပြောကြတာပေါ့ ''
သူ့အဖေရဲ့နာမည်ကို အနောက်မှာကပ်ပြီး နာမည်ပေးထားတဲ့ အယ်လီဝင်းသန်းက သူ(မ)နာမည်ကို အပြည့်အစုံခေါ်ရင် မျက်စိမျက်နှာပျက်သလိုဖြစ်တတ်တာကို အထက်တန်းကျောင်းမှာတုန်းကတည်းက ဆေးက သတိထားမိသည်။
ဘိုသိပ်ဆန်ချင်တဲ့ အယ်လီကို အသက်အတူတူဆိုပေမယ့် အရှေ့က 'မ'တပ်ခေါ်ပစ်တဲ့အပြင် အယ်လီရဲ့ နာမည်အပြည့်အစုံကိုခေါ်လိုက်လို့ ပျက်ယွင်းသွားမယ့် အယ်လီ့မျက်နှာအား အရသာခံကြည့်ရန် ဆေးက တမင်ပင် အယ်လီ့ရဲ့နာမည်အပြည့်အစုံအား ခေါ်လိုက်ခြင်း ။
ထူးဆန်းစွာပင် အယ်လီက အရင်ကလိုမျက်နှာမပျက်သွားဘဲ ခပ်ရေးရေးပင် ဆေးကိုပြုံးပြလာသည်။
ဆေးထင်တာမမှားဘူးဆိုရင် အယ်လီရဲ့အပြုံးတွေကမလတ်ဆက်နေတဲ့အပြင် ခပ်ရေးရေးအပြုံးတွေကြားက နာကျင်မှုကိုပါ အထင်းသားမြင်နေရသည်။
YOU ARE READING
Say-So(S2) Completed
RomanceThis may contain mature contents so read at your own risk !!!