9.

1.7K 139 5
                                    


''ညီလေး ခြေထောက်ခဏလောက်ကြွပေး ''

''အာ.....ဟုတ်ကဲ့! ''

ရန်ရှင်းတံမြက်စည်းလှဲနေရင်း ဆိုဖာအောက်ကိုခြေချထားပြီး ဂိမ်းကိုအာရုံစိုက်၍ဆော့နေသောကောင်လေးကြောင့် အနည်းငယ်ဖယ်ခိုင်းလိုက်သည်။

ခြေထောက်ကိုအပေါ်ကိုမြှောက်ပြီး ဂိမ်းကိုအကြည့်တစ်ချက်မလွှဲတဲ့ကောင်လေးက ဆိုဖာပေါ်မှာကန့်လန့်ကြီးကိုဖြစ်လို့။

ရန်ရှင်းလဲ တံမြက်စည်းလှဲစရာရှိတာလှဲပြီး ဘာမှလုပ်စရာမရှိတော့သောကြောင့် ကိုဆေး ထိုင်ခဲ့သောဆိုဖာပေါ်၌ ​ငြိမ်ငြိမ်လေးသာထိုင်နေလိုက်သည်။

''ကိုကိုက အဲ့လိုကြီးထိုင်ကြည့်နေတော့ ကျွန်တော်ကရှက်ပြီး ဂိမ်းပါရှုံးသွားပြီ ဒီမှာကြည့်ဦး ''

game overဖြစ်သွားတဲ့ ph screen ကြီးကိုလာပြပြီး စူစူပုတ်ပုတ်လေးဖြစ်နေသော ကောင်ငယ်လေးကြောင့် ရန်ရှင်းမှာ ဘာလုပ်ရမှန်းမသိပင် ဖြစ်သွားရသည်။

နေပါဦး ဒီကောင်လေးက သူ့ကို ကိုကိုလို့ခေါ်လိုက်တာလား...။

''တွေ့လား!! ကျွန်တော်ချောတာ ကျွန်တော်သိပေမယ့် အဲ့လောက်ကြီးစိုက်ကြည့်တာကျ ကျွန်တော်ဘယ်နေတတ်တော့မလဲဗျ ''

''သြော်....အင်း...sorry...အဟမ်း! ''

ရန်ရှင်းမှာ ဘာပြန်ပြောရမှန်းမသိတာနဲ့ အရှက်ပြေသာ မျက်နှာလွှဲ၍ ချောင်းဆိုးမိသွားသည်။

အမှန်တော့ ရန်ရှင်းဘာသာအေးဆေးထိုင်နေတာကို ကောင်လေးကသူ့ကိုကြည့်တယ်ဆိုပြီးထင်သွားတာဖြစ်မယ်။

ကိုဆေးနဲ့ရင်းနှီးပုံရတဲ့ဧည့်သည်မို့လို့ အငြင်းမပွားချင်တော့တာနဲ့ပဲ ကောင်လေးကိုမကြည့်ဘဲနဲ့သာ နေလိုက်တော့သည်။

ရောက်လာတုန်းကလဲ ရန်ရှင်းကိုလက်ညှိုးထိုးပြီး သဘောကျတဲ့ပုံစံပြတယ်....အခုလဲ ကိုကိုလို့ခေါ်နေပြန်တဲ့ ကောင်လေးက စ,နောက်နေမှန်းသိသာတာမို့ ရန်ရှင်းက ထူးပြီးတော့ အနေရမခက်မိပေ။

''အာ.....ပျင်းလိုက်တာဗျာ!! ရုံးခန်းကြီးကလဲ စုတ်ပြတ်နေရော.....ယာယာတို့များ ပို့စရာရှားလို့ ကိုယ့်တူလေးကို ဒီလိုအစုတ်အပြတ်နေရာကို ပို့ရလား...''

Say-So(S2) Completed Where stories live. Discover now