30.

1.3K 88 8
                                    

''ကိုဆေး....စာပါတယ် ''

မနက်ရုံးတက်ချိန်ဖြစ်၍ ဆေးက ရုံးကိုအရင်ရောက်နေပြီး ဆေး အနောက်မှ ခန့်နိုင်မင်းယံနှင့်ရန်ရှင်းတို့ရောက်လာကာ ရန်ရှင်းလက်ထဲတွင်လည်း စာတစ်စောင်ပါလာခဲ့သည်။

တရားရုံးက ပေးပို့သောစာအိတ်တွေလိုမျိုး စည်းတံဆိပ်ဖြင့်ချိတ်ပိတ်ထားသောအညိုရောင်စက္ကူအိတ်အား ရန်ရှင်းလက်ထဲမှ ဆွဲယူကာဖွင့်ဖောက်လိုက်သည်။

''ဘာစာလဲ ကိုဆေး ''

ရန်ရှင်းရဲ့အမေးအားပြန်မဖြေအားဘဲ စာရွက်ပါအကြောင်းအရာတွေကို ဆေး မယုံနိုင်စွာ အထပ်ထပ်အခါခါပြန်ဖတ်နေမိသည်။

ဆေးရဲ့ အလိုမကျလာဟန် စုကျုံ့လာသောမျက်ခုံးတန်းတွေကြောင့် ရန်ရှင်းက ဆေးလက်ထဲမှ စာကိုယူကာ ဖတ်ကြည့်သည် ။

''ကိုဆေး ဒါက.....''

''ငါ အပြင်ခဏသွားဦးမယ် ရန်ရှင်း ''

အံ့သြနေသောရန်ရှင်းအား မရှင်းပြနိုင်သေးဘဲ အညိုရောင်စာအိတ်အား လက်ထဲ၌ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ ဆေး ခပ်သွက်သွက်ပင် အပြင်သို့ထွက်လာခဲ့လိုက်သည်။

လွန်ခဲ့တဲ့ ၃ရက်ကအထိ အဆင်ပြေပြေဖြစ်နေတဲ့အမှုမှာ သက်သေတွေလည်းအလုံအလောက်ရနေပြီမို့ တရားရုံးကို တင်သွင်းခဲ့တာ အခုတော့ ဒီအမှုရဲ့ရှေ့နေအဖြစ်လိုက်မယ့် ဆေးကို တစ်ခွန်းမတိုင်ပင်ဘဲ တရားလိုဘက်က အမှုပိတ်သိမ်းပါတယ်ဆိုတဲ့စာကို တရားရုံးကပေးပို့လာမှသိရတဲ့အဖြစ်ကြောင့် ဆေးကထွက်လာမယ့်ဒေါသတွေကို မျိုသိပ်ကာ အကြောင်းစုံကိုအရင်သိရအောင် တစ်နေရာသို့ ခြေလှမ်းများကိုဦးတည်လိုက်သည်။
.
.
.
.
.
.
''မင်း ခဏ လိုက်ခဲ့! ''

အရေးပေါ်ဌာန၌ လူနာမှတ်တမ်းများကိုကြည့်နေတဲ့ charmအား ​ဘာမှပြောခွင့်မပေးဘဲ အကြမ်းပတမ်းဆွဲခေါ်လာခဲ့မိသည်က ဆေးရုံပန်းခြံထဲရှိ ထိုင်ခုံတစ်ခုဆီသို့ ။

''ခင်များ ဘာဖြစ်လာတာလဲ Lအီဆေး! ဒီလက်ကိုလွှတ်ဦး!! ''

ဆေးထက် အားပိုသန်တဲ့charmက တစ်ခါတည်းရုန်းပစ်လိုက်တာနဲ့ ဆေး ဆွဲကိုင်ထားတဲ့သူ့ရဲ့လက်တွေကရုန်းထွက်သွားခဲ့ပြီး ဆေးကိုနားမလည်သလိုကြည့်လာသည့် charmပင်။

Say-So(S2) Completed Where stories live. Discover now