36.

1.5K 96 6
                                    


eye maskလေးတပ်ကာ တစ်ဖက်ကို ခပ်စောင်းစောင်းလေး လှည့်အိပ်နေတဲ့သူအား charm အမြတ်တနိုးနှင့်စိုက်ကြည့်နေမိသည် ။

''What do you want to drink Sir.? ''

ရှူးးးး!

လေယာဥ်မယ်ကလေးက juiceတွန်းလှည်းလေးတွန်းကာ အသံခပ်တိုးတိုးလေးနှင့်လာမေးပေမယ့် Lအီဆေးနိုးသွားမှာစိုးသောကြောင့် charm နှုတ်ခမ်းတွေပေါ်ကိုလက်ညိုးနှင့် ကန့်လန့်ဖြတ်ကာ တိတ်တိတ်နေရန်အချက်ပြလိုက်တော့ လေယာဥ်မယ်ကလေးက 'sorry sir ' လို့ပြောကာ တခြား passengers တွေဆီသို့ဆက်လျှောက်သွားသည်။

Lအီဆေးကိုကြည့်တော့လည်း တအားပင်ပန်းနေပုံပေါ်ကာ အိပ်မောကျနေတာကြောင့် အသံသေးသေးလေးတွေလောက်နှင့် နိုးမည့်ပုံမပေါ်ပေ ။

ထို့နောက် Lအီဆေး ပိုသက်သောင့်သက်သာအိပ်လို့ရအောင် charm၏ ပခုံးအားအနည်းလျှောချပေးကာ ဆေး၏ တစ်ဖက်သို့စောင်းနေတဲ့ခေါင်းလေးအား အသာဆွဲယူ၍ charmပခုံးထက်၌ ခေါင်းတင်စေလိုက်သည် ။

'ကျွတ် ကျွတ် ကျွတ် ကျွတ်! '

အနည်းငယ်လှုပ်လီလှုပ်လဲ့ဖြစ်လာတဲ့ ဆေးကြောင့် လက်မောင်းသားလေးတွေကို ကလေးတွေလို တကျွတ်ကျွတ်နှင့် အနည်းငယ်ပုတ်ပေးလိုက်တော့ charm၏ပခုံးထက်သို့ပိုတိုးဝင်လာသော ခေါင်းလေးကြောင့် charm နှုတ်ခမ်းလေးတွေကို တွန့်ကွေးမိသွားသည် ။

Lအီဆေးက သူ့ထက်အသက်အများကြီး ကြီးမှန်း charmသိပေမယ့် သူများတွေလို အကိုတို့ ကိုကိုတို့ မခေါ်ချင်ဘဲ ၊ Lအီဆေး ဒါမှမဟုတ် ဆေးလို့သာ နာမည်ကို ပိုင်ဆိုးပိုင်နင်းနှင့် အမြဲခေါ်ချင်သည်။

သူစိတ်ကြည်နေတဲ့အချိန်တွေဆိုရင် charmက 'ခင်များ'လို့ သွားပြောမိလိုက်တာနဲ့ သူက charmထက်အသက်ပိုကြီးကြောင်း ၊ မရိုင်းစိုင်းသင့်ကြောင့် အမြဲဆုံးမတတ်တဲ့ charmရဲ့လူကြီးပေါက်စလေးအား charmက သိပ်ကိုမြတ်နိုးရပါသည် ။

ဒီ၂နှစ်အတွင်းမှာ သိပ်ကိုပင်ပန်းခဲ့တဲ့ ဆေးရဲ့ အလဲလဲအပြိုပြိုဖြစ်နေတဲ့ပုံစံလေးကိုမြင်တွေ့ခဲ့ရပြီးနောက်ပိုင်းမှာ charmက ဆေးအနားမှာပဲ အမြဲကပ်နေတော့ဖို့ ဆုံးဖြတ်ချက်ချခဲ့တာပင် ။

Say-So(S2) Completed Where stories live. Discover now