နဖူးထက်ကနေ တဖြေးဖြေးချင်း ဖြတ်သန်းပြေးသွားတဲ့ လေနုအေးအေးကလေးကြောင့် ဆေး မျက်ခွံလေးများကိုဆက်ခနဲ မ,တင်လိုက်ရင်း နိုးထလာရသည်။
''ကိုကို~~''
မျက်လုံးဖွင့်ဖွင့်ချင်းပင် ဆေးကို စိုက်ကြည့်နေသော ကိုကို့ကိုတွေ့ရတာမို့ ဆေး ခပ်တိုးတိုးလေးခေါ်လိုက်တော့ ကိုကိုက ဆေးကိုပြုံးပြလာကာ ဆေးရဲ့ဆံပင်အုပ်အုပ်ကလေးတွေကို လက်ဖြင့်အသာသပ်တင်ပေးသည်။
''နိုးနေတာကြာပြီလား ''
''ခုနမှနိုးတာပါ....ဆေးလည်း ထတော့လေ ရုံးသွားဖို့တောင်အချိန်နီးနေပြီ ''
ကိုကိုကပြောရင်းနှင့် ဆေးရဲ့လက်မောင်းကနေဆွဲကိုင်ထူပေးတာမို့ ဆေးလည်း မထချင် ထချင်နှင့်လှဲနေရာမှ ငုတ်တုတ်ထထိုင်လိုက်သည်။
''ဟင်! ကိုကိုက ဒီနေ့အလုပ်မသွားဘူးလား ''
ခါတိုင်းနေ့တွေဆိုရင် suitအပြည့်အစုံ အမြဲဝတ်တတ်တဲ့ကိုကိုက ဒီနေ့တော့ ချည်သားအင်္ကျီအဖြူလေးအား စတိုင်ပန့်အနက်နှင့် ပေါ့ပေါ့ပါးပါးတွဲဖက်ဝတ်ဆင်ထားသောကြောင့် ရှင်းသန့်ကာ လူငယ်ဆန်နေတာမို့ ဆေးက တအံ့တသြမေးလိုက်တော့ ကိုကိုကခပ်ပြုံးပြုံးနှင့်ပင် ပြန်ဖြေလာသည်။
''ကိုကိုက အလုပ်ပြုတ်သွားပြီဗျ ၊ နောက်ဆိုအလုပ်လုပ်စရာမလိုဘဲ အေးအေးဆေးဆေးပဲနေရတော့မှာ ''
ကိုကို့စကားအား ဆေးက 'မယုံဘူး'ဆိုသည့်အကြည့်ဖြင့်ကြည့်ကာ ကိုကို့လက်မောင်းအား လက်သီးနှင့် ခပ်နာနာ တစ်ချက်ထိုးပစ်လိုက်သည် ။
''လူလိမ်ကြီး လျှောက်ပြောမနေနဲ့ ''
''တကယ်ပါဆိုဗျာ ''
''တော်ပါ ကိုကိုရယ် ၊ ဖယ်တော့ ကျွန်တော်ရေချိုးတော့မယ် ၊ မဟုတ်ရင်တောင် ရုံးမှာ လုပ်စရာတွေတစ်ပုံကြီးဖြစ်နေတာ ''
ကိုကို့အား တွန်းဖယ်ရင်း ကုတင်ပေါ်မှ ရုတ်တရက်ကုန်းထလိုက်တော့ ခွေယိုင်သွားသောခြေထောက်များမှာ ညကကြမ်းရမ်းထားသည်များကို ပြန်အမှတ်ရစေသည်အထိ မျက်ရည်ပင်ဝဲတက်သွားသည်။
YOU ARE READING
Say-So(S2) Completed
RomanceThis may contain mature contents so read at your own risk !!!