26.

1.2K 91 21
                                    


''လူနာက စိတ်ထိခိုက်စရာကိစ္စမျိုးကြုံတွေခဲ့တယ်ထင်တယ် ၊ စိတ်ထိခိုက်မှုကြောင့် သားအိမ်ရဲ့အခြေအနေက နည်းနည်းလေးစိုးရိမ်စရာဖြစ်သွားရတယ် ၊ အခုတော့ မိခင်ရော ကလေးပါစိတ်ချရတဲ့အနေအထားရောက်သွားပြီဆိုပေမယ့် နောက်တစ်ခေါက် ဒီလိုမျိုးထပ်ဖြစ်မယ်ဆိုရင် ကလေးပျက်ကျတာမျိုးတို့ မိခင်ရဲ့ဝမ်းဗိုက်ထဲမှာပဲ ကလေးကသေဆုံးတာမျိုးတို့ဖြစ်နိုင်တာမို့ ဂရုစိုက်စေချင်ပါတယ် ''

ဆရာဝန်ကြီး၏ စကားများကို နားထဲ၌ ကြားတစ်ချက် မကြားတစ်ချက်ဖြစ်နေပေမယ့် ကလေးပျက်ကျမယ်ဆိုတဲ့စကားကိုတော့ နားထဲ၌ ပဲ့တင်ထပ်နေအောင်ကြားနေရတာမို့ ဆေး ဘယ်လိုစကားကို ပြန်ပြောရမှန်းမသိအောင်ဖြစ်နေရသည်အထိ ။

''ဒါဆို ကျွန်တော့်ကို သွားခွင့်ပြုပါဦး ၊ လိုအပ်တာရှိရင် ဒီကသူနာပြုတွေနဲ့ ဆရာဝန်အငယ်လေးတွေကို ခိုင်းလို့ရပါတယ် ''

ရိုရိုကျိုးကျိုးပြောပြီး ထွက်သွားတဲ့ဆရာဝန်ကြီးက ဆေးတို့ ဆေးရုံရောက်ရောက်ချင်း formဖြည့်ပြီးကတည်းက မခင်နှောင်းရိပ်ရှိရာ vvip roomထဲသို့ အပြေးအလွှားရောက်လာပြီး မခင်နှောင်းရိပ်ကိုစမ်းသပ်ပေးခဲ့သည် ။

ပြာပြာသလဲဖြစ်ရခြင်းအကြောင်းအရင်းကတော့ ဝန်ကြီးချုပ် ဦးLနိုင်ထွန်းပိုင်တဲ့ ဆေးရုံရဲ့ ဆရာဝန်တစ်ယောက်ဟူသော အကြောင်းပြချက် ဆိုတဲ့အကြောင်းကို ဆရာဝန်ကြီးအနောက်ကနေလိုက်လာတဲ့ သူနာပြုလေးတွေရဲ့တီးတိုးစကားသံတွေကြောင့် သိလိုက်ရသည်။

''ရတယ် ဆရာမတို့ ကျွန်တော်လိုအပ်ရင် ခေါ်လိုက်ပါ့မယ် ၊ လုပ်စရာရှိတာသွားလုပ်ကြပါ ''

အခန်းထောင့်လေးတွေမှာ မတ်တပ်ရပ်နေတဲ့ ဆရာဝန်မလေးတစ်ယောက်နဲ့ သူနာပြုလေးနှစ်ယောက်အား ဆေး အားနာစွာနှင့် ပြောလိုက်ရသည်။

မခင်နှောင်းရိပ်ကလဲ ကုတင်ပေါ်မှာမေ့မြောနေသေးသလို သူတို့လဲဘာမှလုပ်စရာမရှိတာမို့ နှစ်ဦးနှစ်ဖက် အနေရခက်စေမယ့်အနေအထားကြောင့် ဆေးက အားတုံ့အားနာနှင့်ပြောလိုက်ခြင်းပင် ။

''ဟုတ်ကဲ့ ဒါဆို လိုအပ်တာရှိရင် ကျွန်မတို့ကို intercomကတစ်ဆင့် လှမ်းခေါ်လို့ရပါတယ် ၊ သွားခွင့်ပြုပါဦးနော် ''

Say-So(S2) Completed Where stories live. Discover now