34.

1.3K 87 9
                                    

''အမမောင်လေးကိုကယ်ပါဦး!!! ''

ရုတ်တရက်ပြောလာတဲ့ မစောနန္ဒာစကားကြောင့် ဆေး ကြောင်,အသွားရသည် ။

''အမ! ကိုကိုဘာဖြစ်လို့လဲ! ''

''ယာယာ့ကို လာဖမ်းသွားကြတယ်...အင့်...ပြီးတော့ သူတို့တွေ သူတို့တွေ အမတို့အိမ်ကိုချိတ်ပိတ်ပစ်တယ် ''

ရှိုက်ငိုသံနဲ့ပြောလာတဲ့ မစောနန္ဒာရဲ့စကားတွေက ဗလုံးပထွေးနှင့် ။

ဆေးဖြင့် မစောနန္ဒာ ဘာတွေပြောနေမှန်း တကယ်နားမလည်တော့ဘူး ။

ကိုကိုကဘာလို့အဖမ်းခံရမှာလဲ ၊ မနက်ကတင် သူ့ကိုသေချာနှုတ်ဆက်နေတဲ့ကိုကိုက....

အတွေးပင်မဆုံးသေး မနက်က ကိုကို့ရဲ့အနည်းငယ်ပြောင်းလဲနေတဲ့အမူအရာများကို ပြန်မြင်ယောင်လာသောကြောင့် ဆေး ခေါင်းကိုခါရမ်းပစ်လိုက်သည် ။

မဖြစ်နိုင်တာ ၊ ဆေးထင်နေတာတွေကမဟုတ်လောက်ဘူးမလား....။

''အမ ဘာတွေပြောနေတာလဲ ၊ ကျွန်တော့်ကိုသေချာရှင်းအောင်....''

Ring Ring!

စကားပင်မဆုံးသေး အသံမြည်လာသောဖုန်းringtoneသံကြောင့် ကြည့်လိုက်တော့ contactမှာပေါ်နေတာက B1 ဆိုတဲ့အမည်နဲ့ အပါးရဲ့သက်တော်စောင့်အဆင့် ၁ ဖြစ်နေတာမို့ ဆေးမျက်မှောင်ကျုတ်ကာ ဖုန်းကိုကောက်ကိုင်လိုက်သည် ။

''Hello....!''

''...................''

တစ်ဖက်လူ ဘာတွေဆက်ပြောနေမှန်းပင်မသိတော့ အဓိကအကြောင်းအရာကိုသိသွားပြီးချိန်မှာတော့ နား၌ကပ်ထားသော ဖုန်းက မြေပြင်ပေါ်သို့ဒေါက်ခနဲပင်ပြုတ်ကျသွားသည်အထိ ။

အချိန်တစ်ခဏလေးအတွင်းမှာ ဘာတွေဖြစ်ပျက်ကုန်တာလဲ.....။

ထို့နောက် မိမိကို မျက်ရည်လည်ရွှဲနှင့်ကြည့်နေသော မစောနန္ဒာနှင့် စိုးရိမ်တကြီးကြည့်နေသော မခင်နှောင်းရိပ်တို့ကိုကြည့်ကာ ဆေး မျက်လုံးများကိုခပ်တင်းတင်းမှိတ်ပစ်လိုက်ပြီး ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားစွာချမှတ်လိုက်သည် ။

ထို့နောက်မှ လေပူတစ်ချက်ကိုမှုတ်ထုတ်၍ တင်းတင်းစေ့မှိတ်ထားသော မျက်လုံးများကိုပြန်ဖွင့်လိုက်ကာ

Say-So(S2) Completed Where stories live. Discover now