27.

1.1K 78 8
                                    

''သေဆုံးသူနာမည်က သီဟချမ်းမြေ့ပါ အကိုလေး ''

ရဲမှူးတင်အောင်ရဲ့စကားအဆုံး အချင်းချင်းယှက်သွယ်၍ဖိချေထားသောလက်ချောင်းကလေးများမှာ တင်းကနဲဖြစ်သွားမှုနှင့်အတူ ပျော်ရွှင်ခြင်းမည်သောခံစားချက်များမှာ မယုံကြည်လွန်းစွာဖြင့် လှိုက်တက်လာရတော့သည်။

ဆေး မပြောဘူးလား ဆေးရဲ့ charmဟာ သက်ရှိထင်ရှားရှိနေသေးတဲ့သူပါဆို ။

ဆေးရဲ့ သွေးထွက်အောင်မှန်သော ဆဌမအာရုံအား ဆေးကိုယ်တိုင်ပင်အံ့သြရသည်အထိ ။

ဒါဆို charmနဲ့ခွဲမရအောင်ရုပ်တူတဲ့သူက ဘယ်သူများဖြစ်မလဲ ။

သိချင်စိတ်ကိုမနေနိုင်စွာပင် ရဲမှူးတင်အောင်အားချက်ချင်းထုတ်မေးမိသသည် ။

''သီဟချမ်းမြေ့ဆိုတာ ဘယ်သူလဲ ၊ သူ့ရဲ့ကိုယ်ရေးရာဇဝင်ကို ကျွန်တော်သိချင်တယ် ''

''ဟုတ်ကဲ့ အကိုလေး ၊ သီဟချမ်းမြေ့က ဒီဆေးရုံရဲ့ အရေးပေါ်ဌာနက ဆရာဝန်တစ်ယောက်ပါ ၊ သူ့မှာ အမြွှာညီတစ်ယောက်လဲရှိပါသေးတယ် ၊ သူ့ရဲ့အမြွှာညီ နာမည်က နန္ဒာချမ်းမြေ့ပါ ၊ သူ့ညီကလဲ ဒီဆေးရုံကဆရာဝန်ပဲလို့သိရပါတယ် ၊ မခင်နှောင်းရိပ်နဲ့ကတော့ ထဲထဲဝင်ဝင်ပတ်သတ်မှုတစ်ခုရှိတယ်လို့ ကျွန်တော်တို့စုံစမ်းသိရှိရပါတယ် ''

ဒါဆို charmပြောခဲ့တဲ့ မခင်နှောင်းရိပ်နဲ့ သူနဲ့ ဘာမှမသက်ဆိုင်ဘူးဆိုတဲ့စကားတွေကအမှန်တွေပဲပေါ့ ။

charmရဲ့စကားတွေကို မယုံကြည်ခဲ့တဲ့အပြင် ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တာတွေကိုပါပြန်မြင်ယောင်လာပြီး charmဆီကိုအပြေးလေး သွားတောင်းပန်ချင်စိတ်တွေက အလုံးအရင်းနဲ့ဝင်ရောက်လာသည်။

charmဆီကို ချက်ချင်းထသွားချင်ပေမယ့် မခင်နှောင်းရိပ်အနားမှာ လူတစ်ယောက်ရှိနေမှ အဆင်ပြေမှာမို့ လက်ထဲက phကိုအမြန်ဖွင့်ကာ ph နံပါတ်တစ်ခုအားခေါ်ဆိုလိုက်သည် ။
.
.
.
.
.
တစ်ဖက်လူအား phဆက်ပြောပြီးနောက် ရဲနှစ်ယောက်ဘက်ကိုလှည့်ကာ ခပ်တည်တည်မျက်နှာထားနှင့်ပင် ဆေး စကားဆိုလိုက်သည်။

''ခင်များတို့ တာဝန်ကျေပါတယ် ဒီကိစ္စကို ဖုံးကွယ်ဖို့မကြိုးစားဘဲ လုပ်ထုံးလုပ်နည်းအတိုင်းဆက်သွားစေချင်တယ် ၊ ဝန်ကြီးချုပ် ဦးLနိုင်ထွန်းက တရားမျှတတဲ့သူအဖြစ်နာမည်ကြီးတာ ခင်များတို့အသိဆုံးဖြစ်မှာပါ ဟုတ်တယ်မလား ၊ အဲ့ဒါမို့လို့ ဒီအမှုကို တရားမျှတမှုရှိအောင် သေချာလေးဆောင်ရွက်ပေးဖို့ ကျွန်တော်က မေတ္တာရပ်ခံချင်ပါတယ်ခင်မျာ ''

Say-So(S2) Completed Where stories live. Discover now