ဇာတ်ကောင်မိတ်ဆက်

1.4K 45 4
                                    

အရင်ဆုံးအနေနဲ့ကတော့ အစကနေ အဆုံးအထိ ဒီ fictionလေးကို လိုက်ပါစီးမြောပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ချင်ပါတယ် ။

ဒီ fictionလေးက Lအီဆေးဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းရေးထားတဲ့ficဆိုရင် ပိုမှန်ပါလိမ့်မယ် ။
Lအီဆေးနဲ့ပတ်သတ်ပြီးမှ ကျန်တဲ့ဇာတ်ကောင်တွေအကုန်လုံးကို ပုံဖော်ဖြစ်ခဲ့တာပါ ။

*ဇာတ်ကောင်တွေနဲ့ပတ်သတ်ပြီး စာရေးသူ၏အမြင် *

✨Lအီဆေးဆိုတဲ့ကောင်လေးကတော့ အားလုံးသိတဲ့အတိုင်း ထစ်ခနဲရှိစိတ်ဆိုးတတ်ပြီး ၊ တရားမျှတမှုနဲ့ပတ်သတ်လာရင် sensitive အရမ်းဖြစ်တတ်တဲ့ကောင်ငယ်လေးတစ်ယောက်လို့ ထင်ပါတယ် ။

✨ခွန်လကျ်ာဆိုတဲ့ကောင်လေးကတော့ ဆေးရဲ့ ဆန္ဒတစ်ခုချင်းစီကို မဖြစ်ဖြစ်အောင်လုပ်ပေးတတ်တဲ့ကောင်လေးတစ်ယောက်လို့ထင်ပါတယ် (ဥပမာ -သူကိုယ်တိုင် ဆေးလိပ်မသောက်ပေမယ့် ဆေး သောက်တတ်တဲ့ marlboro စီးကရက်တွေကို အိတ်ထဲမှာအမြဲဆောင်ထားပေးတာကအစ ဆေး လိုချင်တဲ့ ဥပဒေအကြီးကြီးကို အကောင်အထည်ပေါ်အောင်လုပ်ပေးခဲ့တာအဆုံးပေါ့နော်)

✨နန္ဒာချမ်းမြေ့ဆိုတဲ့ကောင်လေးကတော့ ဆေးကိုသိပ်ပြီးနားမလည်ပေမယ့် ဆေးအနားမှာ မှီခိုစရာပခုံးတစ်ခုအဖြစ်ရပ်တည်ပေးချင်တဲ့ ကောင်လေးတစ်ယောက်လို့ထင်ပါတယ် (ချစ်ရသူရဲ့ မင်္ဂလာပွဲကို သူကိုယ်တိုင်စီစဥ်ပေးခဲ့တဲ့အထိ charmက ဆေးကို သိပ်ချစ်ရှာခဲ့ပါတယ်)

✨ဦးLနိုင်ထွန်းကတော့ အတ္တတွေ လောဘတွေဖုံးလွှမ်းနေပြီး ဘေးမှာရှိတဲ့ ချစ်ခြင်းမေတ္တာတွေကို မမြင်နိုင်ခဲ့တဲ့ လူကြီးတစ်ယောက်လို့ ထင်ပါတယ်
ချစ်ရသူ ဦးစောနှောင်းငယ်နဲ့ သမီးဖြစ်သူကို စည်းစိမ်ဥစ္စာနဲ့အာဏာတွေကြောင့် ထားပစ်ခဲ့ပြီး ချစ်ရသူသေဆုံးချိန်မှာတော့သမီးဖြစ်သူကို အမွေစားအမွေခံအဖြစ်ခေါ်ယူမွေးစားခဲ့တယ်
မချစ်သောသူရဲ့ သွေးသားဖြစ်တဲ့ Lအီဆေးကိုလည်း သံယောဇဥ်တော့ပြတ်နိုင်ပုံပေါ်တယ်မထင်ဘူး... ဆေး ထောင်ကျတုန်းက မရမကသွားထုတ်ခဲ့ပြီး နိုင်ငံခြားကိုထွက်သွားခိုင်းခဲ့တာကြောင့် ဆေးကိုလည်းချစ်ရှာတယ်လို့ ထင်ပါတယ် (Season 1 မှာပါတဲ့အကြောင်းပါ)
ဒါပေမယ့် လူအများကြီးကိုနာကျင်ခံစားရအောင်လုပ်တဲ့အပြစ်ကြောင့် ထောင်ထဲမှာအပြစ်ကျွေးဆပ်ရင်း နောင်တရနေမယ်လို့မျှော်လင့်ပါတယ်

Say-So(S2) Completed Where stories live. Discover now