25.

1.2K 87 10
                                    

လေတဖြူးဖြူးတိုက်ခက်နေတဲ့ လသာဆောင်တစ်ခုရဲ့ လက်ရန်းကို လက်တစ်ဖက်ဖြင့်ထောက်ပြီး တခြားလက်တစ်ဖက်ကတော့ marlboro စီးကရက်လိပ်ကို မသောက်ဘဲကိုင်ထားကာ ရန်ကုန်မြို့၏ မီးရောင်စုံဖြင့်တောက်ပနေသော အလှတရားကို အပေါ်စီးကနေခပ်ဆွေးဆွေးငေးကြည့်နေမိသည်။

ဆောင်းတွင်းဝင်လာလို့ထင်ပါရဲ့ တစ်ချက်ချက်တိုးဝှေ့တိုက်ခက်သွားသောလေထုထဲ၌ ချမ်းအေးမှုတို့ကခပ်စ,စပါလာပေမယ့် ကိုယ်ကြပ်စွပ်ကျယ်ကိုသာဝတ်ဆင်ထားသောဆေးက ရှုပ်ထွေးနေသောအတွေးများဆီသို့သာ အာရုံရောက်နေပြီး ချမ်းအေးမှုကိုတော့ လျစ်လျူရှုထားဟန်တူသည်။

မခင်နှောင်းရိပ်ဆေးရုံဆင်းလာပြီးနောက် မခင်နှောင်းရိပ်ရဲ့ကိုယ်ဝန်ကိစ္စကို အပါးကိုဖွင့်ပြောလိုက်တော့ အပါးကဘာမှတော့မပြောလာပေမယ့်သိပ်တော့ဘဝင်ကျဟန်မတူ ။

အေးလေ ဝန်ကြီးချုပ်တစ်ယောက်ရဲ့မွေးစားသမီးကသာမာန်လူလတ်တန်းစားမိသားစုက ယောင်္ကျားတစ်ယောက်နဲ့ လက်ထပ်မယ်ဆိုတဲ့ကိစ္စက လွယ်တာမှမဟုတ်ပဲ ။

ဒါပေမယ့်လဲ ဗိုက်ထဲကအကောင်ပေါက်လေးကြောင့်
အခုလာမယ့် sunday ၌ charmတို့မိဘတွေနဲ့ နှစ်ဖက်မိဘတွေ့ဆုံပွဲလုပ်ကြမယ်လို့ ဆေး တစွန်းတစ်စကြားမိပါသည်။

charmနဲ့ မခင်နှောင်းရိပ်သာလက်ထပ်သွားရင် ဆေးအနေနဲ့ အနေရခက်မှာမို့လို့ မခင်နှောင်းရိပ်တို့လင်မယားကိုမတွေ့မိအောင်ရှောင်ရှားရပေဦးမည် ။

ဒါကလဲအပြောသာရှိတာပါ....ဘယ်လိုပဲဖြစ်ဖြစ်မိသားစုဝင်တွေပဲလေ... တစ်နေ့မဟုတ်တစ်နေ့တော့ ထိပ်တိုက်တွေ့ရဦးမှာမို့ မဖြစ်လာသေးသော အနာဂတ်အားကြိုတွေးရင်း ဆေး သက်ပြင်းမောကိုသာခပ်လေးလေးချမိသည်။

ဒီလိုရှုပ်ထွေးသောခံစားချက်တွေက မခင်နှောင်းရိပ်အပေါ် မကောင်းတဲ့ charmကြောင့်ဖြစ်သလို charmအပေါ်ကိုထားတဲ့ ဆေးရဲ့ခံစားချက်ကိုရှင်းရှင်းလင်းလင်းသိသွားသောကြောင့်လဲဖြစ်သည်။

ဆေးရဲ့ခံစားချက်က အခုအချိန်မှာသိပ်တော့အရေးမပါတော့ပေမယ့် ဘာမှမတော်စပ်သောအမဖြစ်သူအားစိတ်ပူနေသည်မှာ ရယ်စရာတော့ကောင်းလှသည်မဟုတ်လား ။

Say-So(S2) Completed Where stories live. Discover now