20.

1.4K 93 13
                                    

လက်ထဲက phလေးကို လှည့်ကစားပြီး သီချင်းတအေးအေးနှင့် အိမ်ပေါ်ထပ်ကနေ မြောက်ကြွမြောက်ကြွကလေးဆင်းလာခဲ့သည်။

ဒီနေ့က ရာသီဥတုသာယာတဲ့ တနင်္ဂနွေနေ့လေးတစ်ရက်ပင်။

ပုံမှန် ရုံးပိတ်ရက် တနင်္ဂနွေနေ့တွေဆိုရင် သိပ်ထူးခြားလေ့မရှိဘဲ အခန်းထဲအောင်းပြီး အမှုအကြောင်းတွေထိုင်ဖတ်နေတတ်ပေမယ့် ဒီနေ့ကတော့ ထူးထူးခြားခြား ကိုကိုနဲ့dateလုပ်မယ့်နေ့မို့လို့ ဆေးက တက်ကြွနေခြင်းပင်။

ကိုကိုတရားသူကြီးချုပ်ဖြစ်ကတည်းကနေ ကြားမှာဆေး ထောင်ကျပြီး အပြင်မှာလေလွင့်နေခဲ့တဲ့နှစ်တွေပါပေါင်းလိုက်ရင် ကိုကိုနဲ့ နှစ်ယောက်ထဲ အပြင်မှာ dateမလုပ်ဖြစ်တာ ၃, ၄ နှစ်လောက်ပင် ရှိတော့မည်ထင်။

အယ်လီအမှုကိစ္စပြီးထဲက လူသတ်မှုကိုတောင် လူသေမှုအဖြစ်ပြောင်းနိုင်တဲ့ရှေ့နေဆိုပြီးဘယ်ကနေဘယ်လိုနာမည်ကြီးသွားလဲမသိ အလုပ်လာအပ်တဲ့သူတွေများလွန်းလို့ ဆေးတစ်ယောက်ထဲလက်မလည်ဖြစ်နေခဲ့ရတာ ။

တော်သေးတာတစ်ခုက ခန့်နိုင်မင်းယံကလဲ လိုင်စင်ရရှေ့နေဖြစ်သွားပြီမို့ အမှုအနည်းငယ်ခွဲပေးရ၍ ဆေး အနည်းငယ်တော့သက်သာပေမယ့် ခန့်နိုင်မင်းယံကလဲ ရန်ရှင်းအနားကပ်ဖို့သာ ချောင်းနေတာနဲ့ အလုပ်သိပ်မလုပ်တာမို့ ထင်သလောက်လဲအားမကိုးရပေ ။

အိမ်ခြံမြေအရောင်းအဝယ်အမှု ၊ အမွေလုတဲ့အမှုတွေအပြင် ယောင်္ကျားနဲ့မိန်းမ ကွာရှင်းတဲ့အမှုတွေကိုပါ လာအပ်ကြတာမို့ အခုတလောဆို ဆေးတစ်ယောက်ညသန်းခေါင်ကျော်တဲ့အထိ မအိပ်နိုင်သေးဘဲ အမှုအသွားအလာတွေကို လေ့လာနေရသည်။

မနေ့ညကလဲ မနက်၄နာရီထိုးခါနီးမှ အိပ်ပျော်သွားတာမို့ ဆေးနိုးလာတော့ မနက်၁၁နာရီပင်ရှိနေပြီဖြစ်သည်။

ပြင်ဆင်ပြီး အိမ်အောက်ကိုဆင်းလာတော့ နေ့လည်ထမင်းစားချိန်တောင်ရောက်နေပြီဆိုပေမယ့် ဒီအိမ်မှာနေရတာနဲ့တင် အနေကျဥ်းကျပ်ဖို့လုံလောက်နေပြီမို့ ထမင်းဝိုင်းကို ယောင်လို့တောင်ခြေဦးမလှည့်တော့ဘဲ ကိုကိုနဲ့ချိန်းထားတဲ့ Lunar Cafe ရောက်မှ နေ့လည်စာစားရန် တွေးလိုက်သည်။

Say-So(S2) Completed Where stories live. Discover now