Chapter(3)

1.9K 349 5
                                    

Unicode

အခန်း(၃) - ငါကချွေးမလား?

စွန်းကျီနန်သည် မူလက ညနေလေးနာရီမှာ သူ့ရဲ့ လုပ်ငန်းလုပ်ဖော်ကိုင်ဖက် အသစ်များနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ညစာစားရန် ဖိတ်ခေါ်၍ ပျော်ရွှင်စွာ အဆုံးသတ်ရင် စီစဉ်ထားသည်။

ထန်းခိုင်က ဒီလိုမျိုး ခွဲရခက်တဲ့ အခွံမာသီးဖြစ်နေမယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ – စေ့စပ်ညှိနှိုင်းမှုတွေ မအောင်မြင်ခဲ့ယုံတင်မကပဲ သူတို့ပြန်လာတဲ့အချိန်က အစောတလျှင်ဖြစ်သွားတာမို့လို့ တတိယအကွေ့လောက် အရောက်မှာပဲ ယဉ်ကြောပိတ်မိသွားခဲ့သည်လေ။

ကားတန်းရဲ့ အဆုံးကို မြင်တောင်မမြင်ရဘူး ; သူတို့တွေ ကုမ္ဗဏီကို ပြန်ရောက်တဲ့အချိန်မှာ နေတောင်ကျသွားလေပြီ။ စွန်းကျီနန်က သူ့နာရီကို တစ်ချက်ငုံ့ကြည့်လိုက်သည်။

"ပြန်လှည့်လိုက်, ငါ့အဖေဆီကို မောင်း"

သူ့လေသံက တိုက်ပွဲစတော့မယ့်အတိုင်း ကြောက်စရာကောင်းနေသည်။ ယွီလျှောင်က တစ်နေ့လည်ခင်းလုံး စိတ်ဖိစီးမှု ခံစားထားရတာကြောင့် သူ့ပုံစံက ဘောလုံးလေး တစ်လုံးလို ကွေးကောက်မတတ်ပင်။ အကယ်၍သာ ဒီအချိန်မှာ သူစကားမပြောမိရင် စွန်းကျီနန်က သူ့တည်ရှိမှုကို မေ့ပျောက်သွားမှာပင် ကြောက်မိသည်။ သူ့အနေနဲ့ ခပ်တိုးတိုးသာ ပြောရဲသည်။

"ဒါဆို, ဒါဆို ကျွန်တော့ကို လမ်းမှာချသွားပေးဖို့ပဲ အနှောင့်အယှက်ပေးရတော့မယ်, ကျွန်တော် ဆင်းပြီး ကုမ္ဗဏီကို ပြန်မယ့်မြေအောက်ရထား သွားစီးလိုက်ပါ့မယ်"

စွန်းကျီနန်သည် မျက်မှောင်ကြုတ်လိုက်၍ လက်ထောက်လေးရဲ့ အင်အားတွေ အကုန်လုံး ကုန်သွားသည်အထိ ယွီလျှောင်အား ပေစောင်းစောင်း စိုက်ကြည့်သည်။

စွန်းကျီနန်က ယဉ်ကျေးသိမ်မွေ့ပြီး စကားပြောရ လွယ်ကူသည့်ပုံစံပေါက်ကာ  စီးပွားရေးကိစ္စများမှာဆိုရင် သူ့စကားကို အမြဲတမ်းတည်၍ ကောင်းမွန်သော နည်းလမ်းများကိုသာ အသုံးပြုသည်။ သူက သူ့ဒေါသများကို မသက်ဆိုင်တဲ့လူများအပေါ် ထုတ်ဖော်ခြင်းအား မနှစ်သက်သော်လည်း ယွီလျှောင်ရဲ့ ပျော့ညံ့တဲ့ အကျင့်စရိုက်ကို မခံစားနိုင်တာကြောင့် အေးစက်စက်ပြောလိုက်၏။

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now