Chapter(21)

1.4K 237 3
                                    

Unicode

အခန်း(၂၁) - နွေရာသီ ကုန်ဆုံးသွားပြီ

စွန်းကျီနန်က သူတွေ့ကြုံခဲ့ရသမျှကို အသေးစိတ်မပြောပြပေ။ နာကျည်းမှုများကိုရှောင်ရှားရင်း အသံတိုးတိုးလေးဖြင့်သာ စကားအနည်းငယ်လောက်ဖြင့် အကြမ်းဖြင်းပြောပြသည်။ သို့ပေမယ့် ထန်းခိုင်က ဒေါသထွက်မိဆဲပဲ။

လူမှုကွန်ရက်မှာ ဒီလိုဆိုးရွားတဲ့ မတော်တဆမှုတွေနဲ့ ပြည့်နှက်နေပေမယ့် သူနဲ့ ရင်းနှီးနေသူတစ်ယောက် တွေ့ကြုံ ခံစားရမှသာ တကယ့် နာကျင်ကိုက်ခဲမှုက ဘာလဲဆိုတာကို နားလည်လိုက်ရသည်။

အရွယ်ရောက်ပြီးတဲ့ သူတစ်ယောက်က ကလေးတစ်ယောက်အပေါ် ဘယ်လိုများ ဒီလိုစိတ်ဒဏ်ရာ ကျန်ရစ်အောင် လုပ်ရက်ရတာလဲ?

ပိုးကောင်တွေနဲ့ပတ်သတ်ပြီး စိတ်ပိုင်းဆိုင်ရာ စိတ်ဒဏ်ရာ ရအောင် လုပ်ခဲ့ခြင်းက ဒုတိယထပ် လသာဆောင်ကနေ ခုန်ချခဲ့တဲ့အချက်နဲ့ နှိုင်းယှဉ်ရင်တော့ ပေါ့ပါးနေခဲ့သေးတယ်....အကယ်၍ စွန်းကျီနန်သာ အသက်မရှင်ခဲ့ဘူးဆိုရင်, အခုအချိန်ဆို သူ့ရှေ့က ဒီအဖော်လေး ရှိနေခဲ့မှာ မဟုတ်ဘူး

"သူ့ကို အိတ်ထဲ ထည့်ပြီး ရိုက်လို့ရမလား?"

ထန်းခိုင်က စွန်းကျီနန်အား သူ့ရင်ခွင်ထဲမှာ တင်းတင်းကြပ်ကြပ် ဖက်ပေးထားလိုက်ပြီး သူ့လေသံကတော့ မှားယွင်းခံရတဲ့သူက သူဖြစ်နေသလိုပင်။

"ကိုယ်သူ့ရဲ့ အဲ့ဒီသောက်ခြေထောက်တွေကို ချိုးပစ်ပြီး ဆေးရုံကို နှစ်ချီ ပို့ထားလိုက်ချင်တယ်, မင်းနာကျင်ခံစားရသမျှ အတွေ့အကြုံတွေ အကုန်လုံး ပြန်ခံစားရအောင်လို့...."

"အဆင်ပြေပါတယ်, နှစ်တွေအများကြီး ဖြစ်နေပြီပဲဟာ"

စွန်းကျီနန်က သူ့ဆံပင်များကို ထိုးဖွလိုက်ပြီး ကိစ္စကို အရေးမကြီးသလိုပြောသည်။

"ဘယ်လိုပဲဖြစ်ဖြစ်, ငါသူ့ကို ဘယ်လိုလုပ် ငြိမ်းငြိမ်းချမ်းချမ်း နေခွင့်ပေးမှာလဲ? အနှေးနဲ့အမြန် သူ့အကြွေးတွေကိုအတိုးနဲ့ ပြန်စုသွားမှာ"

ထန်းခိုင်က ခဏတာ တိတ်ဆိတ်နေပြီးနောက် ရှုံ့မဲ့မဲ့ပြောသည်။

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now