Chapter(23)

1K 204 6
                                    

Unicode

အခန်း(၂၃) - အတော်လေး ဂရုမစိုက်မိတဲ့ အချင်းများမှု

ညနေ ၅ နာရီ၊ ရင်ဟုန်တာဝါ ကားရပ်နားရာနေရာ။

ရက်အနည်းငယ်ကြာ သစ်တော်သီးဟင်းရည်ကို ပေးပို့ပြီးနောက် ထန်းခိုင်သည် သူ၏ချစ်ခင်ကြင်နာမှုကို လူကိုယ်တိုင်ပြသချင်သည့် သွေးဆောင်မှုကို မခံနိုင်တော့ပေ။ နှစ်ဦးသား တွေပြီးရင်လည်း သင့်လျော်တဲ့ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုအား ပေးနိုင်ရန်အတွက် စွန်းကျီနန်၏ ကုမ္ပဏီအဆောက်အအုံသို့ တိုက်ရိုက်မောင်းလာခဲ့လိုက်သည်။

သူစောင့်သထက် စောင့်နေခဲ့တာတောင် ဘောစ့်စွန်းရဲ့ အရိပ်အယောင်တောင် မမြင်ပဲ နေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ ထန်းခိုင်က သူ့ကိုရှာဖို့ ကားပေါ်က ဆင်းရန် ပြင်လိုက်တဲ့ အချိန်မှာပဲ လူနှစ်ယောက်သည် အဆောက်အဦးပေါ်မှ ဆင်းလာကာ ဘေးမှ ကော်ဖီဆိုင်ထဲ ဝင်သွားသည်ကို မြင်လိုက်ရသည်။

ထန်းခိုင်က မျက်လုံးအားကောင်းတာကြောင့် တစ်ချက်ကြည့်တာနဲ့တင် သူတို့ထဲက တစ်ယောက်က စွန်းကျီနန်မှန်း သိလိုက်သည်လေ။ တစ်ခြားတစ်ယောက်ရဲ့ မျက်နှာကတော့ အရမ်း ဝါးနေပေမယ့်လည်း အသွင်အပြင်မှာ သိသိသာသာကို အမျိုးသမီးတစ်ယောက်သာ။ ရုတ်တရက် သူ့စိတ်ထဲတွင် အချက်ပေးခေါင်းလောင်းသံ တစ်ခု ထွက်ပေါ်လာရသည်။

သူက ရင့်ကျက်တဲ့ ချစ်သူတစ်ယောက်ဆိုတော့ အလွယ်တကူ ရှာလကာရည် စားမှာ မဟုတ်ဘူး ; သူမက စီးပွားရေး လက်တွဲဖောက်တစ်ယောက် ဖြစ်နိုင်တဲ့အပြင် စွန်းကျီနန်ကလည်း အမျိုးသမီးကို စိတ်မဝင်စားဘူးလေ...ဒါပေမဲ့ မိနစ်အနည်းငယ်အကြာမှာ စွန်းကျီနန်၏ သက်တောင့်သက်သာ ဖြစ်နေသည့် အပြုံးကို ကား ပြတင်းပေါက်ကတစ်ဆင့် မြင်လိုက်ရသည်။ ထန်းခိုင်ရဲ့ ဖန်သား နှလုံးသားလေးက နောက်ဆုံးတော့ ကွဲကြေပြီး အစိတ်စိတ် အမွှာမွှာ ဖြစ်သွားရရှာလေပြီ။

သူက ဒီလောက် နောက်ကျနေတဲ့ အချိန်မှ ကော်ဖီသောက်ပြီး တစ်ခြားလူကို ပြုံးပြနေတယ်!

သူတို့နှစ်ယောက် ပထမဆုံး တွေ့တုန်းကဆိုရင် စွန်းကျီနန်က သူ့ရဲ့ latteကို တစ်ငုံတောင် သောက်ခဲ့တာ မဟုတ်ဘူး။ ဘယ်လိုဖြစ်လို့ အခုမှ ကော်ဖီသောက်ရတာ ကြိုက်သွားရတာတုန်း! သူ့ရဲ့ သစ်တော်သီး ဟင်းရည်ကရော!

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now