Chapter(25)

1K 232 18
                                    

Unicode

အခန်း(၂၅) - ပြိုင်ဘက်က ဘယ်သူလဲ?

စွန်းကျီနန်ကတော့ နားမလည်ဘူး။ ဒီလိုမျိုး status လေး တစ်ခုကို ဒီလိုပုံစံမျိုး အခြေအနေ တစ်ခုဆီ ခွဲခြမ်းစိတ်ဖြာတဲ့နေရာမှာတော့ သူတို့က တူညီတဲ့ လိုင်းတစ်ခုတည်းမှာ ရှိမနေဘူးလေ။ ထန်းခိုင်နဲ့ ရှဲ့ကျွော်တို့က ဦးနှောက်လှိုင်းအလျားတွေကတစ်ဆင့် ဆက်သွယ်ပြောဆိုနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်— မဟုတ်ရင် ရှဲေ့ကျွာ်က ဒီစာလုံးလေး တစ်ခုတည်းဆီက အဓိပ္ပါယ်ပေါင်း (၅၀၀)လောက် ထုတ်လာပေးနိုင်တဲ့အချိန်မှာ ဘာလို့ သူကတော့ ဘာမှ မမြင်ရတာလဲ?

"ဒါကြီးက မဖြစ်နိုင်တာကြီးပါ....." စွန်းကျီနန်မှာ ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်နေမိသည်။

"သူက ဒီတိုင်း နေကို ရိုက်ပြတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့"

ရှဲ့ကျွော်က စိတ်ပျက်လက်ပျက် သက်ပြင်းချလေသည်

"ငါ့ဦးလေးက ဒီလိုမျိုး moment တွေကို အမြဲတမ်း post တင်တတ်တဲ့လူမျိုးမို့လို့လား?"

"သူ့ရဲ့ ဓာတ်ပုံအယ်ဘမ်ကိုလည်း ကြည့်လိုက်ဦး။ နောက်ဆုံးတစ်ခေါက် သူတင်ထားတဲ့ နေ့စဉ်ဘဝ အကြောင်းက ဘာဘီကျူ စားတုန်းက ဟုတ်တယ်ဟုတ်? ငါ့ကိုယုံစမ်းပါ ညီအစ်ကိုရယ်, အကယ်၍ သူသာ မင်းကို တိတ်တဆိတ် စာပို့ဖို့ ကြိုးစားနေတာ မဟုတ်ဘူးဆိုရင် ငါ့ဘရာစီယာကို ချွတ်ပြီး မင်းကို ပေးလိုက်မယ်"

"မဟုတ်တာ မဟုတ်တာ မလိုပါဘူး" စွန်းကျီနန်က ကမန်းကတန်း ငြင်းဆန်၏။

"အဲ့ဒီလောက် အရေးကြီးတာကို မင်းဘာသာမင်းပဲ သိမ်းထားသင့်ပါတယ်"

အတိအကျ ကောက်ချက်မချနိုင်သော်လည်း စွန်းကျီနန်၏ စိတ်နေစိတ်ထားမှာ ယခင်ကထက် ပိုကောင်းလာခဲ့သည်။

ရှဲ့ကျွော်၏ ပူပန်နေသည့် နှလုံးသားလေးသည်လည်း အနည်းငယ် တည်ငြိမ်သွားရလေသည်။ သူက သူ့ဘာသာတွေးမိ၏။

ငါ့ကိုယ်ငါ အရှက်မရှိ ဖော်ပြနေရတာက ထန်းခိုင်ရဲ့ emoji လေးတစ်ခုကိုတောင် မယှဉ်နိုင်ဘူး။ စွန်းကျီနန်က တကယ့်ကို ညီအစ်ကို ခင်မင်မှုထက် အချစ်ကို ပိုအလေးသာနေတဲ့ ဝက်ခြေထောက်ကောင်ကြီး

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now