Chpater(34)

1K 216 3
                                    

Unicode

အခန်း(34) - အချစ်ဇာတ်လမ်းလေးက တစ်ဖန်ပြန်ရောက်လာပြီး ထပ်ထွက်မသွားတော့ဘူး

စွန်းကျီနန်သည် ဗီလာထဲမှ ထွက်လာပြီးနောက် ဗလာကျင်းနေသည့် လမ်းတစ်လျှောက် မောင်းနေရင်း သိပ်မကြာခင်မှာ လေးခုမြောက် လမ်းချိုးတစ်ခုဆီ ရောက်လာခဲ့သည်။

လမ်းတစ်လျှောက် ဆယ်မီတာလောက်တောင် မမောင်းရသေးတဲ့အချိန်မှာ သူ့နောက်က ကားဟွန်းသံ ကြားလိုက်ရသည်။ ပထမတော့ စွန်းကျီနန်သည် တစ်စုံတစ်ယောက်က သူ့ကို ကျော်တက်ဖို့ ကြိုးစားနေတယ်လို့ ထင်ခဲ့ပေမယ့် တစ်ဖက်က ပြတင်းပေါက်ကို ဆွဲချလိုက်တာနဲ့ အထဲမှာ ထိုင်နေတဲ့ သူက ထန်းခိုင်ဖြစ်နေသည်ကို မြင်လိုက်ရသည်။

သူက ဖုန်းခေါ်ရန် လက်ဟန်ပြလိုက်ပြီးနောက် အရှိန်လျှော့လိုက်သည်။ စွန်းကျီနန်သည် Bluetooth နားကြပ်ကိုတပ်လိုက်ပြီး Tang Kai ၏ခေါ်ဆိုမှုကို ကိုင်လိုက်၏။

"မင်းဘယ်အချိန်က ရောက်လာတာလဲ?"

"အလုပ်ပြီးတာနဲ့ လာခဲ့တာ"

ထန်းခိုင်၏ လေသံက အနည်းငယ် မကျေမနပ် ဖြစ်နေသလိုမျိုးပင်။

"ကိုယ်အပြင်မှာ စောင့်နေတာ ကြာလှနေပြီ မင်းက ကိုယ့်ကို မမြင်ဘူး"

"မင်းဒီကို လာမယ်လို့ မထင်ထားဘူးလေ"

"မင်း တစ်ခုခုကို ဖုံးကွယ်ထားလိုက်တာ။ မင်းအဖေက မင်းကို ကောင်းတာတစ်ခုခုအတွက် မခေါ်ခဲ့တာ သေချာတယ်။" ထန်းခိုင်က စိတ်မသက်မသာဖြင့် မေးလာသည်။

"သူတို့က မင်းကို အနိုင်မကျင့်လိုက်ပါဘူးနော် ဟုတ်တယ်မလား?"

စွန်းကျီနန်က ပြုံးလိုက်ကာ

"မလုပ်ပါဘူး။ ရှေ့လမ်းဆုံကိုဆင်းလိုက်ရင် အဲ့ဒီမှာ ကားပါကင်ရှိတယ်ဆိုတာ မှတ်မိတယ်။ ငါအဲ့ဒီမှာ ကားရပ်လိုက်မယ် မင်းငါ့ကို စောင့်နေ"

ဆယ်မိနစ်ကြာပြီးနောက်မှာ စွန်းကျီနန်က လက်ဗလာဖြင့် ခရီးသည်ထိုင်ခုံဘက် တက်လာသည်။

ထန်းခိုင်က ရှေ့ကို မှီလိုက်ပြီး သူအား ထိုင်ခုံခါးပတ် ပတ်ပေးလိုက်ပြီးနောက် မျက်နှာကို ပုတ်လိုက်၏။

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now