Chapter(11)

1.5K 272 4
                                    

Unicode

Chapter(11) - တံခါးနောက်မှာပုန်းပြီး ဘာလုပ်နေတာလဲ?

ထန်းခိုင်က 'ငါ့အတွက် တစ်ပတ်စာ ချက်ပြုတ်ပေးပါ' ဆိုတဲ့ တောင်းဆိုလာတဲ့ အချိန်တုနု်းက စွန်းကျီနန်သည် အရမ်းရိုးရှင်းတယ်ဟု ခံစားခဲ့ရသည်။ သို့သော်လည်းသူစတင် ပြင်ဆင်တဲ့ အချိန်မှာတော့ အတော်လေး ခက်ခဲကြောင်း တွေ့ရှိသွားရသည်လေ။ အဲ့ဒါက ပါမောက္ခထန်းက ကျေနပ်စေဖို့ ခက်ခဲတာကြောင့် မဟုတ်ဘူး။

သူတို့ထဲက တစ်ယောက်က မြို့တော်အနောက်ဘက် အစွန်အဖျားမှာ နေပြီး နောက်တစ်ယောက်က မြောက်ဘက်က ထန်းဟိုင်တက္ကသိုလ်နားမှာ နေတာ.... သူတို့က မြို့တစ်ဝက်လောက် ခြားနေကြတယ်။ သူတို့ထဲက တစ်ယောက်ယောက် ပြောင်းရွှေ့နေလိုက်မယ် ဆိုရင်လည်း မနက်တိုင်း အလုပ်သွားဖို့အတွက် ယဉ်ကြောပိတ်ဆို့မှုကြောင့် ဒုက္ခဖြစ်ဦးမယ်ဆိုတော့, သူတို့နှစ်ယောက်လုံး အလုပ်မရှပ်တဲ့ အချိန်မျိုးမှသာ တွေ့နိုင်ကြတော့မယ်လေ။

စွန်းကျီနန်က ကြီးမားတဲ့ ပရောဂျက်တစ်ခုကို မေလကုန်မှာ အပြီးသတ်နိုင်သွားသည်။ သူ့ကတိကို နောက်ဆုံးတော့ ဖြည့်ဆည်းပေးနိုင်တော့မယ်လို့ ထင်ခဲ့လို့ ပါဝင်ပစ္စည်းတွေ အားလုံးကို ဝယ်ယူပြီးတဲ့ အချိန်မှာပဲ ထန်းခိုင်က နိုင်ငံခြားက ညီလာခံတစ်ခုကို တက်ရမယ်တဲ့

နောက်နှစ်ရက်ကြာပြီးလို့ သူပြန်လာတော့လည်း ဘွဲယူဖို့အတွက် အချိန်ရောက်လာပြန်ရော။ ကျောင်း ပရိဝုဏ်တစ်ခုလုံးက တိရစ္ဆာန်ရုံကြီးတစ်ခုလိုပဲ ဖရိုဖရဲနဲ့ အလုပ်တွေရှုပ်လို့....အဲ့ဒီလိုနဲ့ပဲ သူတို့က ဇူလိုင်လအထိ နောက်ရွှေ့လိုက်ရပြန်တယ်။

စွန်းကျီနန်သည် နွေရာသီအားလပ်ရက် စတင်တော့မှာကို မြင်သောအခါမှာ နောက်ဆုံးတော့ သူတို့နှစ်ယောက် အတူတူထိုင်ပြီး ထမင်းကောင်းကောင်းစားဖို့ အချိန်ရောက်ပြီဟု တွေးမိ၏။ သို့သော်လည်း အလုပ်ကနေ အိမ်အပြန်လမ်းမှာ လူအိုကြီးက ဖုန်းခေါ်လာသည်လေ။ နှုတ်ခွန်းဆက်စကား တစ်ခွန်းတောင် မပြောပဲနဲ့ စွန်းကျီနန်အား လူအိုကြီးရဲ့ မွေးနေ့ပွဲအတွက် ထန်းခိုင်ကို အိမ်ခေါ်လာဖို့ တိုက်ရိုက်တောင်းဆိုလာခဲ့သည်။

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now