Chapter(22)

1K 212 11
                                    

Unicode

အခန်း(၂၂) - အချစ်ပြိုင်ဘက်က ဒီမှာ!

ထိုနေ့ ညနေခင်း အလုပ်ဆင်းချိန်မှာ စွန်းကျီနန်၏ ရုံးဖုန်းအား ကုမ္ဗဏီ ဧည့်ကြိုခုံမှ ရုတ်တရက် ခေါ်လာခဲ့ပြီး အမျိုးသမီးတစ်ဦးက ချိန်းဆိုချက်မရှိပဲ သူ့ကို တွေ့ဆုံဖို့ တောင်းဆိုနေကာ ထွက်သွားဖို့ ငြင်းဆန်နေကြောင်း အကြောင်းကြားလာခဲ့သည်။

စွန်းကျီနန်သည် ထိုပရော်ဖက်ရှင်နယ် မဆန်လှသည့် ဆက်သွယ်မှုအပေါ် ဆွံအသွားမိလေသည်။

"ကျွန်တော့ကို ဒီလို လာမပြောခင်မှာ အဲ့ဒီအမျိုးသမီးရဲ့ နာမည်နဲ့ အကြောင်းပြချက်ကို မေးလိုက်သေးလား?ဒီလို ကိစ္စမျိးကိုပါ သင်ပေးနေရဦးမှာလား?"

ဧည့်ကြိုက တုန်လှုပ်သွားလေသည်။

"မေး,မေးလိုက်ပါတယ်, အဲ့ဒီအမျိုးသမီးက ထန်းခိုင်ရဲ့ ရည်စားဟောင်းလို့ ပြောပေးပါတဲ့"

အစကို ခန့်မှန်းမိပေမယ့် အဆုံးတော့ မဟုတ်ဘူး။

ထိုစကားစုက စွန်းကျီနန်၏ စိတ်ထဲ ဝင်လာခဲ့သည်။ သူက 'ရည်းစားဟောင်း' ဆိုတဲ့စကားလုံးအပေါ် အံ့အားသင့်နေမိပြီး တုံ့ပြန်ဖို့ ခဏတာမျှ ကြာမြင့်သွားရ၏။ သတိပြန်ဝင်လာတဲ့အချိန်မှာတော့ ဧည့်ကြို၏ ဖုန်းအား ချပြီးနေပြီဖြစ်ကြောင်း နားလည်လိုက်ရလေသည်။

စွန်းကျီနန်က စဉ်းစားလိုက်သော်လည်း ပြန်မခေါ်ခဲ့ပေ။ သူက ထိုင်ခုံမှထကာ ကုတ်ချိတ်သည့် စင်ပေါ်က ကုတ်ကို ဆွဲယူလိုက်ပြီး ကားသော့ကို ယူ၍ ရုံးခန်းတံခါးကို သော့ပိတ်ပြီး အောက်ထပ် ဆင်းလာလိုက်သည်။

သူတို့ ကုမ္ဗဏီက အထပ် နှစ်ထပ် ရှိသည်။ ဧည့်ကြိုက ပထမထပ်မှာ ရှိနေခြင်းပင်။ စွန်းကျီနန်က ဓာတ်လှေကားမှ ဆင်းလာသောအချိန်မှာ လိုက်ဖက်ညီသော လေကာအင်္ကျီနှင့် မီးခိုးရောင်လက်ကိုင်အိတ်ကို ကိုင်ထားသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ သူမက ဓာတ်လှေကားကို ကျောပေး၍ ဝင်ပေါက်မှာ မတ်တပ်ရပ်နေပြီး သူမရဲ့ ပုံသဏ္ဍာန်က ကြော့ရှင်းလှ၏။ နောက်ကျောက ကြည့်ရုံလေးနဲ့တင် သူမက တကယ့် အလှတစ်ပါးဖြစ်ကြောင်း မြင်နိုင်ပေသည်။

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now