Chapter(18)

1.3K 250 9
                                    

Unicode

အခန်း (၁၈) - လိပ်ပြာလေပြင်း

ထန်းခိုင်က သူဘာတွေးနေလဲ ဆိုတာ မသိပေမယ့်လည်း စွန်းကျီနန်ရဲ့ အကြည့်က သိသိသာသာ မှိန်ဖျော့သွားသလို ခံစားလိုက်ရသည်။ တစ်ဖက်လူက မနှစ်မြို့စရာကောင်းတဲ့ အတွေ့အကြုံတစ်ခုကို ပြန်သတိရသွားတာ ဖြစ်နိုင်တယ် ဆိုတာ သူနားလည်သွားသည်။

သူက ထိုအကြောင်း ထုတ်မေးမိခြင်းအား တိတ်တဆိတ် နောင်တရသွားမိပြီး အကြောင်းအရာကို ကျော်ဖို့ ကြိုးစားလိုက်တော့လေသည်။ ထို့ကြောင့် ထိတ်လန့်တကြားဖြင့် တစ်ချက်ကြည့်လိုက်သောအခါ စွန်းကျီနန်က ဖန်ပန်းကန်လုံး တစ်လုံးကို ယူလိုက်ပြီး အထဲမှာ ဂျုံမှုန့် ထည့်လိုက်သည်အား တွေ့လိုက်ရသည်။ ထိုဂျုံမှုန့်ရဲ့ အလယ်မှာ မီးတောင်ပေါက်ဝ ပုံစံလေးတစ်ခု ဖန်တီးလိုက်ပြီး အဖြူရောင် အမှုန့်များအား လက်တစ်ဆုပ်စာ ပစ်ထည့်လိုက်သည်။

သူက စူးစမ်းချင်စိတ်ကြောင့် နောက်တစ်ဖန် တုန်လှုပ်သွားရပြန်သည်။

"ဒါကဘာလဲ?"

စွန်းကျီနန်က ထိုမီးတောင်ရဲ့ အလယ်ဗဟိုမှ အပေါက်ဝထဲသို့ ရေနွေးများ ဂရုတစိုက် လောင်းထည့်ရင်းဖြင့် ပြောလာ၏။

"တဆေးလေ, မင်းက တကယ့်ကိုအခြေခံ ဗဟုသုတ လုံးဝမရှိတာပဲ, ပေါက်စီနဲ့ မန်ထိုလုပ်တဲ့အချိန်မှာ မုန့်ညက်အောင် ထည့်ရတာလေ"

ထန်းခိုင်ကတော့ အံ့သြမှုများ ပြည့်နှက်နေသည်။

"ကိုယ်မင်းကို ညအိပ်ယာဝင် ပုံပြင်ဖတ်ပြမယ်" သူက လေးလေးနက်နက် ပြောလာသည်။
"တဆေးနဲ့ ပတ်သတ်တဲ့ ဒဏ္ဍာရီတစ်ပုဒ်ပဲ"

စွန်းကျီနန်က ရယ်လိုက်ပြီး သူစတင်ဖို့ လိုအပ်တဲ့ အချက်များစွာ ရှိနေသေးသည်ဟု ခံစားလိုက်ရလေသည်။

"အခုက ဘယ်အချိန်မို့လို့ မင်းက အိပ်ယာဝင်ပုံပြင်တောင် ဖတ်နေရတာလဲ? အကယ်၍ ငါတကယ်ပဲ အိပ်ပျော်သွားရင် ဘယ်လိုလုပ်မလဲ?"

ထန်းခိုင်ရဲ့ ပုံစံက ရှက်ရွံ့နေသည့် အဖြူရောင် ပန်းပွင့်လေးလိုပင်။

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now