Chapter(37)

1K 190 0
                                    

Unicode

အခန်း(၃၇) - မင်းမှာ ငါနဲ့ ကိစ္စတစ်ခုခု ရှိလို့လား?

စွန်းကျီနန်သည် စိတ်မသက်မသာဖြင့် ခေါင်းလှည့်လိုက်ကာ သူ့နားရွက်ကို ဖြတ်ကာ ယားယံသွားစေသည့် ထန်းခိုင်၏ အသံကို ရှောင်လိုက်သည်။ သူက မေးလိုက်၏။

"အဲ့ဒါက သူလုပ်တာပါလို့ ဘယ်လိုလုပ် ကောက်ချက်ချနိုင်တာလဲ?"

"အဲ့ဒီလူလေးယောက်ရဲ့ ပန်းတိုင်က ရှင်းနေတာပဲ။ သူတို့က မင်းဆီလာတာ" ထန်းခိုင်ကပြောသည်။

"ဒီလို ငတုံးအလုပ်မျိုး လုပ်မယ့်သူက စွန်းကျီယန်က လွဲရင် တစ်ခြားသူ စဉ်းစားလို့ မရတော့ဘူး"

"အမှန်ပဲ"

စွန်းကျီနန်က အနည်းငယ် အကျိုးအကြောင်း မသင့်စွာ ပြန်ပြောသည်။

"ဘယ်သူပဲ လုပ်လုပ် သူလုပ်တယ်ပဲ ထားလိုက်မယ်။ သူက ငါ့မိသားစုမှ မဟုတ်တာ။ အကယ်၍ ငါသာ သူ့ကို ဆူပူကြိမ်းမောင်းချင်ရင် ဘယ်သူမှ ငါ့ကို တားလို့မရဘူး"

ထန်းခိုင်က ရုတ်တရက်ပြောလာသည်။

"ဟုတ်သားပဲ, ကိုယ့်ကို ဆုပေးမယ်လို့ ပြောထားတယ် မဟုတ်ဘူးလား?"

"ပြောလိုက်လို့လား? ဘယ်တုန်းကလဲ?" စွန်းကျီနန်က ရူးချင်ယောင်ဆောင်နေသည်။

"မမှတ်မိတော့ဘူး"

"..."

ထန်းခိုင် ကဒေါသတကြီးဖြင့်

"ဝက်ခြေထောက် လူလိမ်ကောင်ကြီး!"

စွန်းကျီနန်, "Hahahaha."

"ဒါပေါ့ ပါမောက္ခထန်းရဲ့, လူဆိုးတွေကို တိုက်ခိုက်ပေးတဲ့ သူရဲကောင်းကြီးကို ဆုပေးဖို့ ဘယ်လိုလုပ် မေ့ရဲမှာလဲ? ဒီမှာ မှုန်ကုပ်ကုပ် မျက်နှာနဲ့ လာထိုင်မနေနဲ့။ မင်းက ဘယ်သူ့ကို ပြနေတာလဲ?" စွန်းကျီနန်က သူ့ကို စလို့ဝတော့ ထန်းခိုင်၏ ပါးကို ပုတ်လိုက်ကာ

"ပြောကြည့်ပါဦး, မင်းဘာလိုချင်လို့လဲ?"

"ကိုယ်တောင်းဆိုသမျှ ဘာမဆို သဘောတူပေးမှာလား?"

"မင်းဘာလိုချင်တာလဲ?"

စွန်းကျီနန်က သူ့ကို စူးစူးစိုက်စိုက် ကြည့်လိုက်ကာ

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now