Chpater(32)

1.1K 220 6
                                    

Unicode

အခန်း(32) - အချစ်ဇာတ်လမ်းလေး ပြန်လာပြီ

ဤဖြစ်ရပ်သည် အလွန်အမင်း ထိလွယ်ရှလွယ်သော လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များလည်း ပါဝင်သွားသည်။ စွန်းကျီနန်သည်လည်း စီးပွားရေး သဘောတူညီချက်များမရှိတော့ဘူး ဆိုတာကို အကြောင်းပြချက် ရှာစရာ မလိုတော့ပေ။

သူတို့က ဝမ့်ကုံနှင့် ယွီလျှောင်တို့အား ဆေးရုံဆီသို့ အပြေးခေါ်သွားလိုက်၏။ ၎င်းက အလုပ်ခွင် မတော်တဆ ဖြစ်တာကြောင့် စွန်းကျီနန်သည် ဆေးဖိုးဝါးခများကို တိုက်ရိုက်ဖြေရှင်းပေးလိုက်ပြီး နောက်ပိုင်းတွင် တောင်းဆိုချက်လက်မှတ်များအဖြစ် စာရွက်စာတမ်းများကို သိမ်းဆည်းရန် လက်ထောက်တစ်ဦးကိုသာ အမိန့်ပေးခဲ့သည်။

ကံကောင်းစွာနဲ့ ကံကြမ္မာနတ်သမီးက သူ့မျက်နှာကို ပုတ်ရုံလေးသာ လုပ်လိုက်ပုံပင်။ ယွီလျှောင်၏ ဒဏ်ရာက သိပ်မပြင်းထန်ပဲ ဘယ်ခြေထောက် လိမ်သွားရုံသာရှိသည်။ ဆေးအနည်းငယ် လိမ်းပြီးနောက်မှာ ပုံမှန်တိုင်း ပြန်ဖြစ်သွားလေသည်။ ဒုဥက္ကဌဝမ့်၏ ဒဏ်ရာက ပိုပြင်းထန်သည်။ သူ့လက်က သုံးချက်ချုပ်ဖို့ လိုသည့်အပြင် ဂရုတစိုက် စောင့်ကြည့်ရန်လည်း လိုအပ်သည်။

စွန်းကျီနန်တစ်ယောက် ဖုန်းပြောပြီးလို့ ပြန်ဝင်လာတဲ့အချိန်မှာတော့ ယွီလျှောင်က ခွဲစိတ်ခန်းအပြင်ဘက်ရှိ ခုံတန်းလျားတွင် ဝမ့်ကုံ၏ ဘယ်လက်အား ကိုင်ထားရင်း မျက်ရည်များ အဆက်မပြတ် စီးကျနေသည်ကို မြင်လိုက်ရသည်။

ဝဋ်ဆိုတာ အမြဲလည်တယ်လေ။ စွန်းကျီနန်က ယွီလျှောင်ကို ခွေးစာအမြဲကြွေးတတ်တော့ နောက်ဆုံးမှာ သူ့ရဲ့ လက်စားချေမှုကို ပြန်ရသွားတာပဲ။

စွန်းကျီနန်သည် ဘေးဘက်နားမှာ ခဏရပ်နေလိုက်သော်လည်း နောက်ဆုံးတော့ သည်းမခံနိုင်တော့တာကြောင့် အနားလျှောက်သွားလိုက်တော့သည်။

"ကောင်းပြီ, မျက်ရည်တွေ ရပ်လိုက်တော့။ ငိုနေတာ ကလေးလိုပဲ။ မသိရင် ဝမ့်ကုံက ကိုယ်ဝန်ပျက်ကျသွားတယ်လို့တောင် ထင်မိလိမ့်မယ်"

အာရုံစိုက်မှုအားလုံးကို အရယူပြီး ပျော်ရွှင်နေသည့် ဒုဥက္ကဌဝမ်သည်တော့ ထိုစကားအား ကြားသောအခါ ချက်ချင်းပင် ရှုံ့ချသော အကြည့်ကို လွှင့်လိုက်သည်။

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now