Chapter(15)

1.3K 270 7
                                    

Unicode

အခန်း(၁၅) - ငါတို့နှစ်ယောက် အဆုံးသတ်ပြီ

ထန်းခိုင်က သူ့ရဲ့ တွေ့ရှိချက်များသည် တားမြစ်ထားတဲ့ အကြောင်းအရာ ဟုတ်မဟုတ် မသေချာတာကြောင့် စွန်းကျီနန်ကို ချက်ချင်းမပြောပြပေ။ ခဏလောက် စဉ်းစားပြီးနောက်မှာ သက်ပြင်းသာချလိုက်သည်။

"မင်းရဲ့ ညီအစ်ကို မောင်နှမတွေနဲ့ တွေ့ပြီးတဲ့ နောက်ပိုင်းမှာ အထူးသဖြင့် သူတို့နဲ့ နှိုင်းယှဉ်ကြည့်လိုက်တော့ ကိုယ်မင်းကို ပိုပြီးသဘောကျနေမိပြီ ထင်ပါတယ်"

စွန်းကျီနန်ရဲ့ တုန့်ပြန်မှုက ဝိုင်ကြောင့် အနည်းငယ် နှေးကွေးနေပြီး စက္ကန့်အနည်းငယ်လောက် ကြောင်တောင်တောင် ငေးကြည့်နေမိပြီးမှ အာရုံပြန်ရလာသည်။ သူက ရယ်မောရင်းနဲ့ ဆူဆဲမိတော့၏။

"Go to hell"

ထန်းခိုင်လည်း ရယ်မောလိုက်ပြီး အနားတိုးကပ်၍ ထိုသူ့ကို ညင်သာစွာ ပွေ့ဖက်လိုက်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။

"'ဒီည ကိုယ်တို့နှစ်ယောက်လုံး မူးနေတာဆိုတော့ ဘယ်လိုပြန်ကြမလဲ, မင်းမိသားစုဆီမှာ ကားမောင်းသမား အလုံအလောက် ရှိရဲ့လား?"

စွန်းကျီနန်သည်လည်း သူ့ကို အသံတိုးတိုးလေးဖြင့်သာ ပြန်ပြောသည်။

"ငါတို့ဒီည ဒီမှာပဲ နေလိုက်မယ်လေ, ဘယ်လိုပဲဖြစ်ဖြစ် အခန်းတွေလည်း အများကြီး ရှိနေတာပဲဟာ"

ထန်းခိုင်က အသံတိုးတိုးဖြင့် ဆက်ပြောလေသည်။

"ဒါဆိုကိုယ် မင်းအခန်းဘေးက အခန်းထဲမှာ နေလို့ရမလား?"

စွန်းကျီနန်က ပိုတိုးညှင်းစွာဖြင့် ပြန်မေးသည်။

"ဘာအတွက်လဲ?"

ထန်းခိုင်က တိတ်ဆိတ်စွာ ဖြေ၏။

"ညလယ်မှာ မင်းနဲ့ စကားမမြည်ပြောမယ်လေ"

စွန်းကျီနန်က သူ့ရဲ့ ကျောဘက် အောက်ပိုင်းနားလေးကို ဖြတ်ခနဲတစ်ချက်ရိုက်ထည့်လိုက်သည်။

"မင်းတော့ရူးသွားပြီ!"

ထန်းခိုင်က သူ့မျက်နှာအား စွန်းကျီနန်ရဲ့ ပုခုံးကြားထဲမှာ မြှုပ်ထားလိုက်ပြီး ခဏလောက် ကြာတဲ့အထိ သူ့ကိုယ်သူ တိတ်တဆိတ် ရယ်နေမိတော့လေသည်။

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now