Chapter(10)

1.7K 295 17
                                    

Unicode

အခန်း(၁၀) - ရှိတ်စပီးယားက ဘာအမှားလုပ်ခဲ့လို့လဲ?

နောက်တစ်နေ့, 6:30 A.M.

ထန်းခိုင်သည် ခြံဝင်းထဲဝင်လာပြီး တောက်ပသည့် မနက်ခင်းရောင်ခြည်နှင့်အတူ ညင်သာသည့် လေပြေညှင်းကို ခံစားနေသည်။

ခြံဝင်းက တိတ်ဆိတ်နေပြီး အခန်းများစွာက ၎င်းတို့၏ ပြတင်းပေါက်များအား ကန့်လန့်ကာနောက်ကွယ်တွင် တင်းတင်းကျပ်ကျပ် ဖုံးအုပ်ထားဆဲပင်။ ကြည့်ရတာ အားလုံး မနေ့ညက အရမ်းနောက်ကျမှ အိပ်ခဲ့ကြပုံရသည်။ သူက သူ့ရဲ့ဗိုက်ချပ်ချပ်ကို ပွတ်သပ်လိုက်ပြီး မီးဖိုချောင်ထဲက စားစရာတစ်ခုခု ယူဖို့ ကြံစည်ရင်းဖြင့် သက်ပြင်းဖွဖွ ချမိသည်။

ထန်းခိုင်က တံခါးကို အသံတိတ်ဖွင့်လိုက်ပြီး အဆောက်အဦးထဲ ဝင်လိုက်သည်။ သူက နားနေခန်းများအား ဖြတ်၍ ပထမထပ်ရှိ မီးဖိုချောင်သို့ လျှောက်သွားလိုက်၏။ အဝေးကနေတောင် အိုးများမှ တစ်ပွက်ပွက် ရေဆူသံဖြင့် စွဲမက်ဖွယ်ကောင်းသော ရနံ့ကို ရရှိနိုင်နေလေပြီ။ သူ့ဆာလောင်မှုက ရှစ်မှတ်ကနေ ဆယ်မှတ်အထိ ချက်ချင်းရောက်သွားတော့သည်။

ထန်းခိုင်က အပန်းဖြေစခန်းပိုင်ရှင် ပြန်ရောက်လာတာလို့ ထင်ခဲ့ပေမယ့် သူလှမ်းကြည့်လိုက်တဲ့အချိန်မှာ မီးဖိုချောင်ကောင်တာတွင် ရပ်နေသူက စွန်းကျီနန်ဖြစ်နေမှန်း သိလိုက်ရသည်။

စွန်းကျီနန် ဘယ်တုန်းက နိုးလာလဲ သူမသိပေ။ တစ်ဖက်လူက လက်ရှိမှာ လက်ကိုင်တစ်ဖက် အိုးလေးတစ်လုံးနဲ့ ကြက်ဥကြော်နေသည်။ သူ့ဘေးမှာတော့ ပွက်ပွက်ဆူနေတဲ့ ရေအပြည့်နဲ့ အိုးတစ်လုံးရှိပြီး အထဲမှာ ငွေချည်မျှင်များလို ခေါက်ဆွဲသားများ နစ်မြုပ်နေလေသည်။

ကောင်တာရဲ့ တစ်ဖက်မှာတော့ ကော်ဖီအိုးထဲတွင် တစ်ဝက် ဖြည့်ထားပြီးနေပြီ ဖြစ်သည်။ မတူညီသည့် ကွဲပြားခြားနားသော အစားအစာ အားလုံး၏ ရနံ့သည် တစ်ဖက်လူရဲ့ နောက်ကျောနဲ့အတူ ရောထွေးနေ၏။  ဤပူးပေါင်းဆောင်ရွက်မှုသည် လျှို့ဝှက်ဆန်းကြယ်သော ဓာတုတုံ့ပြန်မှုကို ဖန်တီးထားပြီး မီးဖိုချောင်လေးအား နှစ်သိမ့်မှုပေးနေသလိုမျိုး ဖော်မပြနိုင်သည့် နွေးထွေးမှုများအဖြစ်သို့ ပြောင်းလဲသွားစေသည်။

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now