Chpater(36)

1K 209 4
                                    

Unicode

အခန်း(36) - ဂန္တဝင်ဇာတ်လမ်း- အလှလေးကို ကယ်တင်တဲ့ သူရဲကောင်း

ယွီလျှောင်သည်အလွန်စိတ်မကောင်းဖြစ်စွာဖြင့် ဝမ်းပမ်းတနည်း ငိုယိုနေခဲ့သည်။ ဝမ့်ကုံနှင့် စွန်းကျီနန် ပင်လျှင် ဝမ်းနည်းပူဆွေးမှု အနည်းငယ် ခံစားခဲ့ရလေသည်။

ဒါပေမဲ့လည်း ဒါကိုက လောကကြီးရဲ့ အလုပ်လုပ်ပုံပဲလေ။ ကြမ်းတမ်းတဲ့ ကမ္ဘာကြီးကို တိုက်ထုတ်နိုင်ဖို့အတွက် လုံလောက်တဲ့ ချပ်ဝတ်တန်ဆာတစ်ခု ဖြစ်ပေါ်လာစေဖို့ ဘဝရဲ့ အတက်အကျတွေ၊ ဆန္ဒမရှိမှုတွေနဲ့ စွမ်းအားမဲ့မှုတွေကို ကြုံဆုံခံစားရဦးမှာပဲ

သူ့အနေနဲ့ ယွီလျှောင်ကို သူ့မိသားစုနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေအကြောင်း အလွန်အကျွံ မရှင်းပြနိုင်သလို လူတွေကို ဘယ်လို နှစ်သိမ့်ရမလဲ ဆိုတာကိုလည်း မသိပေ။ နောက်ဆုံးတော့သူက သွားတိုက်ဆေးဘူး အကုန်ထဲက နောက်ဆုံးကျန်တဲ့ သွားတိုက်ဆေးကို ညှစ်ထုတ်လိုက်သလိုမျိုး အကြံပေးစကားလေး ဖြစ်ညှစ်ထုတ်လိုက်ကာ ယွီလျှောင်အား ဝမ့်ကုံကို ဆွဲခေါ်သွားစေလိုက်တော့သည်။

စွန်းကျီနန်သည် သူ့ရုံးခန်းပြတင်းပေါက်ရှေ့မှာ ရပ်နေကာ ခြေဖဝါးအောက် ကြမ်းပြင်ကို စိုက်ကြည့်နေမိသည်။ ကျန်းမာရေး စောင့်ရှောက်မှု ပစ္စည်းတွေလောက်ပဲ ရောင်းချနေခဲ့တဲ့ စုတ်ပြတ်သတ်နေတဲ့ကုမ္မဏီတစ်ခုကို ဇီဝနည်းပညာလုပ်ငန်းတစ်ခု ဖြစ်တဲ့အထိ သူ့လက်ထဲမှာပဲ အသက်ပြန်ဝင်လာအောင် လုပ်ဆောင်ခဲ့တာ။

ဒါအပေါ်မှာ သူဘယ်လောက်တောင် အာရုံစူးစိုက်ခဲ့လဲဆိုတာ စွန်းကျီနန် မပြောဝံ့ဘူး။ နောက်ဆုံးတော့လည်း ဒါက သူ့လုပ်ဖော်ကိုင်ဖက်တွေ အကုန်လုံး အတူတကွ လုပ်ဆောင်ပြီး အခက်အခဲတွေကို ဆန့်ကျင်ခဲ့တဲ့ အပြန်အလှန် အောင်မြင်မှုတစ်ခုပဲလေ။ အဲ့ဒီလိုခံစားရတာ ယွီလျှောင် တစ်ယောက်တည်းတော့ မဟုတ်ဘူး

ဒါပေမယ့် သူ စွန့်လွှတ်လိုက်တဲ့အရာဟာ သူနောင်တရမယ့် အမှတ်ရစရာတစ်ခုဖြစ်လာမှာမဟုတ်ဘူးဆိုတာ သေချာအောင်တော့ တည့်တည့်မတ်မတ် ရပ်တည်ပြီး ရှေ့ကို ဆက်လျှောက်ရမှာပဲ

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now