Chpater(29)

1.1K 225 8
                                    

Unicode

အခန်း(၂၉) - ဟော့ပေါ့ စားသောက်ဆိုင်တွင် ဆက်ခံသူမရှိပါ။

ဖူထင်းရှင်က သူ့ကို မသိမသာ ညွှန်ပြကာ

"ဟန်ဆောင်နေတုန်းပဲလား?"

သူက အသံကို မလျော့ထားပေ။ လှုပ်ရှားမှုက အနည်းငယ် ချဲ့ကားနေတာကြောင့် စွန်းကျီနန်က သူတို့ကို ချက်ချင်း ပြန်လှည့်ကြည့်လာသည်။

"ဘာဖြစ်လို့လဲ?"

"ဘာမှ မဟုတ်ဘူး" ဖူထင်းရှင်က ချက်ချင်း ပြန်ပြောသည်။

"ငါမင်းရဲ့ လက်တွဲဖော်ကို စကားပြောနေတာ, အဆင်ပြေပါတယ်"

စွန်းကျီနန်က သံသယအပြည့်ဖြင့် ပြောလာသည်။

"တတိယဒေါ်လေး, လူတွေကို အနိုင်မကျင့်နဲ့နော်"

ဖူထင်းရှင်က ကျွတ်သပ်လိုက်ကာ

"မင်းက မင်္ဂလာတောင် မဆောင်ရသေးဘူး တံတောင်ဆစ်ကအပြင်ထွက်နေပြီလား? အကယ်၍ ငါသာ သူ့ကို တကယ် အနိုင်ကျင့်ချင်တယ်ဆိုရင် မင်းကို ကြားခွင့်ပေးမှာတောင် မဟုတ်ဘူး....သူ့ကို ရေချိုးခန်းထဲ ဆွဲခေါ်သွားပြီးနေရောပေါ့"

(TN -  တံတောင်ဆစ်ကအပြင်ထွက် = မိသားစုကို မကူညီပဲ အပြင်လူကို ကူညီပေးခြင်း)

ထန်းခိုင်သည် မထိန်းနိုင်တော့ပဲ ကျယ်လောင်စွာ အော်ဟစ်ရယ်မောမိတော့သည်။ ဖူထင်းရှင်က သူ့ကို မျက်စိမှိတ်ပြလာကို မြင်လိုက်တာကြောင့် အလျင်အမြန်ပင် ပြောလိုက်၏။

"ဖူ...ခဲ့, ဦးလေးဖူနဲ့ ကိုယ်က တော်တော်လေး အဆင်ပြေနေတာပါ"

စွန်းကျီနန် ပြန်လှည့်သွားသည့် အခါမှသာ ဖူထင်းရှင်က သူ့အသံကို ဖိနှိပ်ရင်း ဆက်ပြောလာသည်။

"ကြည့်, ရှောင်းနန်က မင်းအတွက် ဒီလောက် စိတ်ပူနေတာတောင် မင်းကသူ့ကို ဖုန်းကွယ်ထားသေးတယ်။ မင်းမှာ အသိစိတ်ရော ရှိသေးရဲ့လား?"

"ကျွန်တော်သူ့ကို ဖုန်းကွယ်ထားတာ မဟုတ်ပါဘူး။ ဒီအတိုင်း ထုတ်ပြောနေစရာ မလိုအပ်ဘူးလို့ပဲ စဉ်းစားထားတာ။ ကျွန်တော့မိဘတွေနဲ့ တွေ့ဆုံပွဲလုပ်ရင် သူသိမှာပဲလေ" ထန်းခိုင်က သက်ပြင်းချလိုက်ကာ

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now