Chpater(33)

1K 221 7
                                    

Unicode

အခန်း(33) - အချစ်ဇာတ်လမ်းလေးက ထပ် ထွက်သွားပြန်ပြီ

ဆိုက်မတော်တဆ ဖြစ်ပွားပြီး တစ်ပတ်အကြာမှာ စွန်းကျီနန်နှင့် တစ်ခြားသော ဇီဝနည်းပညာကုမ္ပဏီများက ကျင်ခယ့် အိမ်ခြံမြေနှင့် ညှိနှိုင်းမှုများကို ရပ်ဆိုင်းခဲ့သည်။ တာဝန်ကျရှေ့နေတစ်ဦးက ကုမ္ပဏီသို့ ဆင့်ခေါ်စာတစ်စောင် ပေးပို့ခဲ့လေသည်။ သို့သော်လည်း ၎င်းသည် ကပ်ဘေးတစ်ခု ပြီးလို့ နောက်တစ်ခု ထပ်တိုးလာရန် အစသာ ရှိသေးသည်။ ကျင်ခယ့်အိမ်ခြံမြေအား အမှန်တကယ် ချောင်ပိတ်စေသည့် အရာသည်တော့ အုပ်ချုပ်ရေးဌာနက ရုတ်တရက် စစ်ဆေးအရေးယူမှုတွေ စတင်ခဲ့တာပင်။

တစ်ပတ်အကြာတွင် တောင်ပိုင်းဆင်ခြေဖုံးများ၌ မိလ္လာသန့်စင် စက်ရုံတည်ဆောက်ရန် အစီအစဉ်ကို တရားဝင်ထုတ်ပြန်ခဲ့သည်။

ဤဆုံးဖြတ်ချက်သည် ကျင်ခယ့်အိမ်ခြံမြေနှင့် ဟုန်ချုန်းအိမ်ခြံမြေတို့ကို အပူတပြင်းအခြေအနေသို့ တိုက်ရိုက်တွန်းပို့ခဲ့သည်။ စွန်းကျီယန်က ထိုမြေအား ဝယ်ယူပြီးနောက်မှာ ရွှေဥ ဥပေးမည့် ကြက်မ တစ်ကောင်လို ဆက်ဆံခဲ့တာပင်။ယခုမူ ကျင်းယွမ်ဗီလာနှင့် ပတ်သတ်သော အစီအစဉ်များအားလုံးက ပျက်သွားခဲ့ပြီဖြစ်ပြီး မြေဈေးသည်လည်း ကျဆင်းသွားခဲ့သည်။ ဟုန်ချုန်း၏ အရင်းအနှီး လည်ပတ်မှုမှာ တင်းကျပ်နေလေပြီ။ သတင်းများကြောင့်လည်း ထိုပျက်စီးမှု အခြေအနေက အနာဂတ်မှာ သာမာန်မျက်စိဖြင့်တောင် မြင်နိုင်လောက်သည်။

စွန်းကျီနန်သည် သတင်းစာမျက်နှာ web page ကို ကျေနပ်အားရစွာဖြင့် ပိတ်လိုက်ပြီးနောက် ကျေးဇူးတင်ကြောင်း ဖော်ပြနိုင်ရန်အတွက် အခြားသော ဇီဝနည်းပညာကုမ္ပဏီ၏ သူဌေးထံ WeChat ပေးပို့လိုက်လေသည်။ သူက စွန်းလော့နှင့် ပတ်သတ်သော သတင်းများကို စစ်ဆေးဖို့ ပြန်လှည့်လိုက်သည့် အချိန်မှာပဲ အတွင်းရေးမှူး ဝမ်ထံမှ ခေါ်ဆိုမှုကို လက်ခံရရှိလိုက်သည်။

"ဒါရိုက်တာစွန်း" အတွင်းရေးမှူးဝမ်က ယဉ်ကျေးစွာ ပြောလာသည်။

"ဥက္ကဌက ခင်ဗျားကို ညစာစားဖို့ အိမ်ပြန်လာပါလို့ ဖိတ်ခေါ်နေပါတယ်"

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now