Chpater(35)

1K 198 6
                                    

Unicode

အခန်း(35) - ဂန္တဝင်ဇာတ်လမ်း- ရေချိုးခန်း

သူ့ရဲ့ လှုံ့ဆော်နေသော စကားလုံးများက ကျယ်လောင်သော်လည်း အများစုက ဒီအတိုင်း အသံထွက်နေခြင်းသာ။ ဆိုးသွမ်းတာ တစ်ခုခု လုပ်ဖို့အတွက် ဒီညက သိပ်ပြီး အချိန်ကောင်း မဟုတ်ဘူးလေ။ သူတို့နှစ်ယောက်လုံး အဆင်သင့် မဖြစ်သေးတဲ့အပြင် စွန်းကျီနန်ကလည်း သေချာပေါက် စိတ်မပါသေးဘူး။

ထန်းခိုင်က သူ့ကို ခဏလောက် ပွေ့ဖက်ထားပြီးနောက် သူလုံးဝ အမူးပြေသွားပြီ ဆိုတာ သေချာမှသာ တုံ့ဆိုင်းဆိုင်းဖြင့် လွှတ်ပေးကာ ရေသွားချိုးစေသည်။

ထန်းခိုင်ရဲ့ နေရာမှာ စွန်းကျီနန် ရေချိုးတာ ဒါပထမဆုံး အကြိမ်မဟုတ်ပေ။ သူက ရေပန်းကို ပေါ့ပေါ့ပါးပါး ဖွင့်လိုက်သည်။ အခန်းထဲတွင် မြူခိုးများက ဖုံးလွှမ်းနေပြီး ရေနွေးပူများက သူ့ခေါင်းပေါ်မှ တစ်ဆင့် ပုခုံးနှင့် ကျောပေါ်သို့ စီးဆင်းကျနေသည်။

၎င်းက သူ့ခန္ဓာကိုယ်တစ်ဝိုက်မှ အေးစက်နေသော အအေးဓာတ်များကို ဖယ်ရှားပစ်လိုက်လေသည်။ သူက ဖောင်းအစ်နေသည့် မျက်လုံးများအား မှိတ်လိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ခုအား ဖြည်းညှင်းစွာ ထုတ်လိုက်သည်။

သူ့မိသားစုနဲ့ ဆက်ဆံရေး ဖြတ်တောက်လိုက်တာက အစောတလျင် မဟုတ်ခဲ့ဘူး။ စွန်းကျီနန်က အစောကတည်းက ပြင်ဆင်ထားခဲ့တာ။ စွန်းကျီယန်အတွက် တွင်းတူပေးလိုက်ကတည်းက သူဘာကို ရင်ဆိုင်ရမယ်ဆိုတာ သူသိတယ်။

ဒါပေမဲ့ ဒီအချိန်မှာတော့ နာကျင်မှုက ကောင်းကင်ကနေ ပြိုကျလာတဲ့ ကျောက်တုံးကြီးလိုပဲ။ အဆင်သင့် ပြင်ထားခဲ့ပေမယ့်လည်း သူ့ရဲ့ ခြေလက်တွေအားလုံးကို ထိခိုက်ပျက်စီးစေပြီး နှလုံးသားကို နာကျင်စေတယ်လေ

အဆိုးဆုံးကတော့ သူက အခု နံရံလေးဖက်လုံး ပျက်စီးနေတဲ့ အိမ်တစ်လုံးလို ခံစားနေရတာ။ ဘယ်သူကမှ မဝင်ချင်ပေမယ့်လည်း သူကတော့ တစ်သက်လုံး အဲ့ဒီထဲမှာပဲ တွယ်ကပ်နေခဲ့ရတယ်။

ပျက်စီးနေတာ ကြောက်စရာ မဟုတ်ဘူး အထီးကျန်မှုကမှ ကြောက်ဖို့ကောင်းတာ

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now