Chapter(26)

1.1K 241 34
                                    

Unicode

အခန်း(၂၆) - အရမ်းတွေ စိုးမိုး ချယ်လှယ်နေတယ်ပေါ့?

ဘဝမှာ အသက်သုံးဆယ်နားနီးမှ လမ်းလယ်မှာ သမင်ကို ကားနဲ့တိုက်မိတဲ့ ခံစားချက်က ဘာလဲဆိုတာကို ပါမောက္ခထန်း နားလည်လိုက်မိသည်.. မဟုတ်ဘူး, သူ့နှလုံးသားထဲမှာ ရူးသွပ်နေတဲ့ တိရိစ္ဆာန်ရုံကို ဖွင့်လိုက်မိတာပဲ ဖြစ်လိမ့်မယ်

အံ့အားသင့်မှုက ကောင်းကင်ကနေ ပြုတ်ကျလာခဲ့ပြီး သူ့ကို ဆွံအသည်အထိ ငေးကြောင်သွားစေသည်ပင်။ စွန်းကျီနန်က သူ့နားကို လျှောက်လာပြီး လက်ညှိုးလေးနဲ့ သေနတ်ပုံစံ လုပ်ကာ ပစ်သလို လုပ်လိုက်မှသာ ရုတ်တရက် လန့်နိုးလာမိ၏။ သူက စွန်းကျီနန်၏ လက်အား လျှပ်တစ်ပြတ် တုံ့ပြန်မှုဖြင့် ဖမ်းဆွဲလိုက်မိသည်။

"ဘာလုပ်ဖို့လဲ?" စွန်းကျီနန်က ပြုံးလိုက်ပြီး ခပ်အက်အက် အသံဖြင့် မေးသည်။

"ငါတို့အခု လူမြင်ကွင်းကြီးမှာနော်, မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း ကြည့်နေတာ"

"မင်း....."

ထန်းခိုင်ရဲ့ အမြဲတမ်း တက်ကြွဖြတ်လတ်နေတဲ့ စိတ်တွေတောင် ဘာဆက်လုပ်ရမှန်းမသိတဲ့ တစ်နေ့ရောက်လာခဲ့ရသည်။ သူက မယုံကြည်နိုင်စွာ မေးမိသည်

"မင်း ဒီကို ဘယ်လိုရောက်လာတာလဲ?"

"ငါ့လက်တွဲဖော်က အိမ်က ထွက်ပြေးသွားမှတော့ ငါကိုယ်တိုင် သူ့ကို လာရှာရတော့မှာပေါ့"

စွန်းကျီနန်၏ မျက်လုံးများက ပြုံးနေတာကြောင့် လခြမ်းကွေးလေးသဖွယ် ဖြစ်နေသည်။ သူက လက်ကိုမြှောက်လိုက်ပြီး ထန်းခိုင်၏ ကော်လာနဲ့ လည်စည်းကို ပြင်ပေးလိုက်ကာ

"ဒီည တခြားလုပ်စရာတွေရှိသေးတယ်မှတ်လား? မြန်မြန်သွားလိုက်လေ"

ထန်းခိုင် , "ကိုယ်...."

"ငါ 1202 မှာနေနေတယ်" စွန်းကျီနန်က ဆက်ပြောသည်။

"ဒီည ဘယ်မှ မသွားဘူး။ ငါ့အခန်းတံခါးကို ဘယ်အချိန်မဆို လာခေါက်လို့ရတယ်"

ထန်းခိုင်၏ Adam's apple က တက်လိုက်ကျလိုက်ဖြစ်နေသည်။ သူ့အကြည့်များက ပူပြင်းတောက်လောင်နေ၏။ အလွန်အကျွံ လည်ပတ်နေသည့် CPU က နောက်ဆုံးတော့ ပုံမှန်လည်ပတ်မှုကို ပြန်ရောက်သွားလေပြီ။ သူက စွန်းကျီနန်၏ ပုခုံးအား ဆုပ်ကိုင်လိုက်ကာ ပြင်းထန်သည့် အသံဖြင့် ပြောလိုက်သည်။

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now