Chapter(28)

1.2K 214 22
                                    

Unicode

အခန်း(၂၈) - Eating Hot Pot

ဖိုရမ်စတင်သည့် အချိန်မှာ လီနင်းက စွန်းကျီနန်ရှေ့မှာ ထိုင်ရသည်။ ၎င်းက အမှန်ကို 'အပ်ပေါ်မှာထိုင်ခြင်း' ဆိုတဲ့ တကယ့် အတွေ့အကြုံဖြစ်သည်လေ။ စွန်းကျီနန်က စိတ်ရောဂါသည်တစ်ယောက်လို အသွင်ပြောင်းပြီး သူမကို လည်ပင်းထညှစ်မှာစိုးလို့ လှုပ်တောင် မလှုပ်ရှားရဲဘူး။

သူမက စွန်းကျီနန်ကို စောင့်ကြပ်နေဖို့ စိတ်အားထက်သန်စွာ ကြိုးပမ်းနေခဲ့သော်လည်း စွန်းကျီနန်၏ အာရုံကတော့ ထန်းခိုင်တစ်ယောက်တည်းမှာသာ ရှိနေခဲ့သည်။ ဒီလိုပုံစံမျိုးနဲ့ ပါမောက္ခထန်းကို မမြင်ရတာ ကြာနေခဲ့ပြီ။

သူက သူတို့ ပထမဆုံးတွေ့တုန်းကနဲ့ တူနေခဲ့သည်လေ ; အိုင်ဒေါတစ်ယောက်လိုမျိုး မြင့်မြတ်တဲ့ အသွင်က သူ့ကိုချဉ်းကပ်ရ ခက်ခဲစေခဲ့တာ။ စင်ပေါ်က ကျွမ်းကျင်သူတွေနဲ့ ပညာရှင်တွေကြားထဲမှာ ထန်းခိုင်ရဲ့ အလှတရားက အထင်ရှားဆုံးပဲ။ သူ့မျက်လုံးလေးပဲ ဖြစ်ဖြစ် သူ့ရဲ့ ဘေးတစ်စောင်း ပုံစံပဲ ဖြစ်ဖြစ်၊ သူ့ရဲ့ ချောမောမှု၊ မျက်စိဖမ်းစားနိုင်တဲ့ ရူပါက လုံးဝ မလှတဲ့ ဘက်ကို မရှိဘူး။ ရံဖန်ရံခါမှာ ပရိသတ်ကို ခပ်အေးအေး အကြည့်နဲ့ လှမ်းကြည့်တတ်ပြီး သူ့ရဲ့ နှလုံးသားအေးစက်တဲ့ ထက်ရှမှုကို ဖော်ပြနေသေးတယ်။

သူလှမ်းကြည့်လိုက်တဲ့ အချိန်တိုင်းမှာ စွန်းကျီနန်သည် နံရံဘေးတွင် ရပ်နေသော စေတနာ့ဝန်ထမ်း အများအပြားက ပါးစပ်ကို ကာထားရင်းဖြင့် အချင်းချင်း တီးတိုးပြောနေသည်ကို ကြားနေရသည်။

ရောက်ရှိလာသူ အားလုံးထဲမှာ စွန်းကျီနန် တစ်ယောက်တည်းကသာ ထိုတင်းမာနေတဲ့ မျက်နှာပေါ်တွင် သူ့ရဲ့ အစောင့်အကြပ်မရှိ အေးချမ်းစွာ အိပ်ပျော်နေတဲ့ မျက်နှာ၊ ချွဲနွဲ့နေတဲ့အချိန် ပြုံးတတ်တဲ့ အောင်နိုင်သသူအပြုံးနဲ့ သူ့ကို ဆွဲဆောင်မှု ရှိရှိ မျက်ခုံးပင့် ကြည့်တတ်တဲ့ အသွင်ကို မြင်နိုင်လိမ့်မည်။

ဒါကို တွေးနေတုန်းမှာပင် ထန်းခိုင်က ရုတ်တရက် သူ့ဘက်ကို လှည့်ကြည့်လာခဲ့ကာ အကြည့်ခြင်း ဆုံသွားသည်။ လူစုလူဝေးက အလယ်မှာ ခံနေသော်လည်း စွန်းကျီနန်သည် သူ့နှလုံးသားကို တိုက်ရိုက်ထိမှန်သွားသလို ထင်ယောင်ထင်မှားဖြစ်မိသွား၏။

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now