အပိုင်း ၃၀

3K 110 1
                                    

(unicode)

အခန်းသည် တိတ်ဆိတ်နေ၏။ အချိန်မှာ ည ၈ နာရီ ၄၆ မိနစ်ရှိပြီး။ လူကြီးပြန်သွားသည်မှာလည်း ၁၈ မိနစ်ကျော်ရှိပြီးဖြစ်သည်။

" လွမ်းတယ် လူကြီး "

ရင်တွင်းခံစားချက်တချို့ကို နှုတ်မှဖွင့်ဟမိသည်။ ဒီနေ့ ဒေါ်ပပသိင်္ဂီနှင့် စကားများပြန်လေ၏။ အ ကြိမ်အရေအတွက်အတိအကျဆိုလျှင် ၂ ကြိမ်ရှိချေပြီး။ ဒေါ်ပပသိင်္ဂီယောက်ျားငယ်ကို အိမ်ခေါ်လာသောနေ့နှင့် ယနေ့ပင်။ လူကြီးသည်  တစ်စုံ တစ်ခု မမေးလာဘဲ တစ်နေ့ကုန်အနားမှာ နှစ်သိမ့်ပေးလေသည်။ ကိုနေသစ် ဘယ်ချိန်ပြန်သွားသည်ကိုမူ သတိမထားမိလိုက်ပါ။

စိတ်ထဲ ဝမ်းနည်းလာမိပြန်၏။ တစ်ယောက် တည်းရှိနေချိန်ဆိုလျှင် စိတ်ညစ်စရာအတွေးတို့က အလည်လာတတ်ပေသည်။

ဒေါင်းမာန်ရေအမြန်ချိုးလိုက်ပြီး အဆင်ပြေမည်အဝတ်စုံတစ်စုံကို ကောက်စွပ်လိုက်သည်။ ညဘက် အဝတ်မဲ့အိပ်စက်ခြင်းဖြင့်သာ ကျင့်သားရှိသူဖြစ်၍ ဒေါင်းမာန်မှာ ညဝတ်တွေ မရှိ။ ဒီညသော်လင်းနှင့် သွားအိပ်မည်ဖြစ်၍သာ အဝတ်
ပြည့်ဖြင့် ရှိနေခြင်းပင်။ ကလေးငယ်သည် အရမ်းကို ဝမ်းနည်းနေ၏။

ကလေးငယ်တို့အိမ်တွင်းရေးသည် ဒီနေ့ကြားသ လောက်ပင် မဖြစ်နိုင်။ သို့သော် ကလေးငယ်၏ အတိတ်ကို မသိချင်ပါ။ ကလေးငယ်အား အနာဂတ်တွင် ပိုပျော်ရွှင်အောင်ထားနိုင်ရန်သာ ဒေါင်းမာန် ကြိုးစားရပေမည်။

...ဒေါက်..ဒေါက်ဒေါက်...(တံခါးခေါက်သံ)

ညဘက်ကြီးပေါ်လာသော တံခါးခေါက်သံဖြစ်သော်လည်း သော်လင်းပျော်သွား၏။

" လူကြီး "

နှုတ်မှအသံထွက်ခေါ်လျက် တံခါးသွားဖွင့်လိုက်လျှင်

" ကလေးငယ် "

" လူကြီး "

ခေါ်သံနှင့်ထပ်တူ ခုန်ဖက်လာလေသည်။ ထို့ကြောင့် ကလေးငယ်အား အသာထိန်းလျက်ဖြင့်
တံခါးပြန်ပိတ်လိုက်သည်။ ထိုမှ အိပ်ခန်းထဲသို့ ခေါ်ခဲ့လိုက်ပြီး ကုတင်ထက်၌ ကလေးငယ်အားပွေ့ချီထားသည်အတိုင်း ထိုင်လိုက်သည်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now