1.

7.5K 421 10
                                    

ကိုကိုက ပြောင်းလဲသွားတယ်။

ကိုကိုက အရင်လိုမဟုတ်တော့ဘူး။

ကိုကို့မျက်ဝန်းတွေကို သူမဆုံရဲတော့ဘူး။

•••••

​အနည်းငယ်ပေရေနေပြီဖြစ်တဲ့ စာအုပ်အဖုံးအဝါရောင်လေးရဲ့ အဖုံးမှာ ရေးထားတဲ့ စာလုံးဟာ Happiness တဲ့။

အဝါရောင်တွေက ပျော်ရွှင်မှုကို ရည်ညွှန်းတယ်။ ဒါပေမယ့် သူ့ရဲ့အဝါရောင်စာအုပ်မှာတော့ နာကျင်ခြင်းအပိုင်းအစတွေသာရှိတယ်။

စာအုပ်ရဲ့ မျှော့ကြိုးအဝါရောင်လေးမှာ ခပ်ညိုညိုအညစ်အကြေးတစ်ချို့ စွန်းထင်းနေသေးတယ်။ ဒါက သူ့ရဲ့ ခြောက်ကပ်နေတဲ့ သွေးစက်တစ်ချို့ဖြစ်တယ်ဆိုတာ ကိုကိုနဲ့သူပဲ သိလိမ့်မယ်။

"ရိပေါ်...  ဒါလေး"

အဝါရောင်စာအုပ်မှာ တွဲလျက်ပါတဲ့ အဲ့ဒီ့မျှော့ကြိုးကို ဆွဲလို့ စာအုပ်မှာ စည်းနှောင်လိုက်လေတယ်။

​ကောင်တာပေါ်လာတင်တဲ့ အစ်ကို လိဝေဆီက စာအုပ်ကို သူယူလိုက်တယ်။

"အချစ်ရဲ့ နာကျင်ခြင်းအပိုင်းအစများ"

စာအုပ်ရဲ့ ခေါင်းစဉ်က အနည်းငယ်နာကျင်စရာကောင်းနေတယ်။ မျက်မှောင်နည်းနည်းကျုံ့မိသွားတယ်။

ရည်းစားမရှိဖူး အသည်းလည်း မကွဲခဲ့ဖူးသူတွေဟာ အသည်းကွဲခြင်းရဲ့ နာကျင်မှုကို စာအုပ်စာပေတွေကနေ တဆင့် ခံစားတတ်သလားလို့ ရိပေါ်တွေးတယ်။ စာအုပ်ဆိုင်ကောင်တာရဲ့ ကွန်ပျူတာမှာ ကုတ်နံပါတ်ကို ရိုက်ထည့်လိုက်တော့ စျေးနှုန်းအလိုအလျောက်ပေါ်လာတယ်။

"25 ယွမ်ပါ"

အစ်ကို လိဝေက ကတ်နဲ့ရှင်းဖို့ပြင်တယ်။

"ရိပေါ်...  ရှောင်းကျန့် ပြန်လာပြီလို့ ကြားတယ်"

ကတ်ရဲ့ ကုတ်နံပါတ်ကို ရိုက်နေတဲ့ ရိပေါ်ရဲ့ လက်ကလေးတွေက တွန့်သွားတယ်။ ဒါပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာပဲ ရိပေါ်က ကိုယ့်ကိုယ်ကို ထိန်းလိုက်နိုင်တယ်။

ပြန်လာပြီ။
သူပြန်ရောက်လာပြီ။
ကိုကိုက သူရှိနေတဲ့ နေရာရပ်ဝန်းကို ပြန်ရောက်နှင့်နေပြီ။

Pieces of Hurt Tahanan ng mga kuwento. Tumuklas ngayon